Eternal Sword M – အခမဲ့

Eternal Sword M ဟာ အသစ်ထွက်လာတဲ့ Action-RPG ဂိမ်းတစ်ခုဖြစ်ပြီး MMORPG ဆန်တဲ့ Element အချို့နဲ့ တွဲဖက်ထားပါတယ်။ ဒီဂိမ်းမှာ အရမ်းလန်းတဲ့ Graphic နဲ့ ချောမွေ့တဲ့ Gameplay တို့ပါဝင်ပြီး ကိုယ်ပိုင်ကာရိုက်တာအတွက် ရွေးချယ်စရာ Skill/Ability တွေ အများကြီးပါဝင်ပါတယ်။ ကစားပုံကတော့ ပုံမှန် ARPG တွေလိုပဲ ကိုယ်ပိုင်ဂိမ်းကာရိုက်တာ တစ်ယောက်ကိုဖန်တီးပြီး တိုက်ခိုက်ရင်း Quest တွေလုပ်ရမှာဖြစ်ပါတယ်။ အခြားအွန်လိုင်းကစားသူတွေနဲ့ တွဲဖက်ကစားနိုင်ပြီး PVP (Player vs Player) စနစ်လည်းပါဝင်တယ်။ မိုဘိုင်းဂိမ်းဖြစ်တာနဲ့အညီ တစ်နေကုန်ထိုင်ဆော့မယ့် သူတွေအတွက် အားနည်းချက်တစ်ချို့ရှိနိုင်ပေမယ့် တော်တော်လေးအလားအလာရှိတဲ့ ဂိမ်းသစ်ဖြစ်ပါတယ်။

Download

Removed for reddit – အခမဲ့

Reddit သုံးစွဲသူတွေအတွက်တော့ Removed for Reddit ဟာ အတော်လေးစပ်စုလို့ကောင်းမယ့် App တစ်ခုပါ။ သူက Moderator တွေ ဖျက်လိုက်တာ သိပ်မကြာသေးတဲ့ Comment တွေကို ပြန်လည်ကြည့်ရှုနိုင်စေပါတယ်။ အသုံးပြုရတာလည်း လွယ်ကူပြီး Reddit မှာမြင်ရတဲ့ ဖျက်ထားတဲ့ Comment တစ်ခုကို Share ခလုတ်နှိပ်ပြီး Removed for Reddit App မှာ သွားကြည့်ရုံပါပဲ။ ဒီလိုပြသပေးနိုင်ဖို့ သူက Reddit Tracker ဝက်ဆိုက်တစ်ခုဖြစ်တဲ့ Pushshift.io နဲ့ တွဲဖက်ထားပါတယ်။ ကြော်ငြာတွေမပါတဲ့ Open Source App တစ်ခုဖြစ်ပြီး Reddit သုံးစွဲသူတွေအတွက်တော့ အတော်လေး အသုံးဝင်မှာပါ။

Download

GRIS – $4.99

GRIS ဟာ Platformer + Puzzle အမျိုးအစားကြိုက်သူတွေအတွက်တော့ စိတ်ကျေနပ်မှုရရှိစေမယ့် ဂိမ်းအသစ်ပါ။ ကွဲပြားလှပတဲ့ Art Style ကိုအသုံးပြုထားပြီး ကစားသူတွေက Gris လို့ခေါ်တဲ့ အဓိကဇာတ်ကောင်ကို ကိုင်တွယ်ရမှာ ဖြစ်ပါတယ်။ ဆော့နေရင်းနဲ့ Gris အတွက် ဝတ်စုံပုံစံနဲ့ Upgrade တွေ ရရှိနိုင်မှာပါ။ ဒီလိုဂိမ်းတွေရဲ့ ပုံစံအတိုင်း ရှင်းလင်းလွယ်ကူပြီး ချောမွေ့တဲ့ ထိန်းချုပ်ကစားပုံနဲ့ပဲ ဆော့ကစားရမှာဖြစ်ကာ အမြင်ပိုင်းဆိုင်ရာ ကျေနပ်ဖွယ် ဂရပ်ဖစ်ပုံရိပ်တွေကို ခံစားနိုင်စေမှာဖြစ်ပါတယ်။ အခမဲ့တော့မဟုတ်ဘဲ ဒေါ်လာ ၄.၉၉ ပေးလိုက်ရုံနဲ့ Ads တွေ မပါဘဲ အစအဆုံးဆော့ကစားနိုင်မှာပါ။

Download

Game of Thrones Beyond the Wall – အခမဲ့

Game of Thrones ပရိသတ်တွေစောင့်စားနေကြတဲ့ GOT: Beyond the Wall ကတော့ ကြာမြင့်တဲ့ Pre-register ကာလကို ကျော်ဖြတ်ပြီး ရောက်ရှိလာခဲ့ပါပြီ။ Turn-based Strategy RPG စတိုင်လ်ဖြစ်ပြီး အခုပြသွားတဲ့ Game of Thrones စီးရီးမတိုင်ခင် နှစ်ငါးဆယ်နီးပါးကာလကို အခြေခံထားပါတယ်။ Night’s Watch ရဲ့ Lord Commander ဖြစ်သူ Bloodraven တစ်ယောက် တံတိုင်းကြီးရဲ့တစ်ဖက်မှာ မသင်္ကာဖွယ် ပျောက်ဆုံးသွားတဲ့နောက် သူ့နေရာကို အစားထိုးဝင်ရောက်လာတဲ့ သူငယ်ချင်းဖြစ်သူနေရာကနေ စိတ်ဝင်စားဖွယ်ဇာတ်လမ်းကို ဖော်ထုတ်ကစားသွားရင်းနဲ့ GOT ဇာတ်လမ်းတွဲထဲက အချစ်တော်ဇာတ်ကောင်တွေကိုပါ ကိုင်တွယ်ကစားနိုင်မှာဖြစ်ပါတယ်။

Download

Ref – Android Authority