ဘီလီယံနာကြီး ဘီလ်ဂိတ်ဟာ ကမ္ဘာမြေပေါ်မှာ “နေမင်းအတု” တစ်စင်း ဖန်တီးမယ့် အံ့မခန်း စီမံကိန်းကြီးတစ်ခုကို  ရင်းနှီးမြှုပ်နှံလိုက်ပါတယ်။ Type One Energy လို့ နာမည်ရတဲ့ နျူကလီးယား ဖျူးရှင်း (Nuclear Fusion) ကုမ္ပဏီကို ငွေကြေးထောက်ပံ့လိုက်တာပါ။ အဲဒီကုမ္ပဏီဟာ ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကပဲ အမေရိကန်နိုင်ငံ တန်နက်ဆီပြည်နယ်မှာ Infinity One လို့ခေါ်တဲ့ ဓာတ်ပေါင်းဖိုကြီး တည်ဆောက်ဖို့ လိုင်စင်လျှောက်ထားခဲ့ပါတယ်။

Bill Gates-backed startup Type One Energy secures $87m

ဒီဓာတ်ပေါင်းဖိုဟာ သာမန် နျူကလီးယားစက်ရုံတွေနဲ့ လုံးဝမတူပါဘူး။ နေမင်းကြီးဆီကနေ အပူနဲ့ အလင်းရောင် ထုတ်လွှတ်တဲ့ ဖြစ်စဉ်မျိုးကို အတုယူ ဖန်တီးထားတာပါ။ ဒီဇိုင်းပိုင်းမှာလည်း Stellarator လို့ခေါ်တဲ့ အဆင့်မြင့်နည်းပညာကို သုံးထားပြီး အလွန်ပူပြင်းတဲ့ ပလာစမာတွေကို နေရာတကျ ထိန်းချုပ်ထားနိုင်ဖို့ အားကောင်းတဲ့ သံလိုက်စက်ကွင်းတွေကို အသုံးပြုသွားမှာပါ။

Bill Gates fund backs 'Star Wars' fusion tech in bid for limitless power |  Recharge

စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ စွမ်းအင်တွေ ထွက်ပေါ်လာဖို့အတွက် အဲဒီ ပလာစမာတွေရဲ့ အပူချိန်ဟာ ဆဲလ်စီးယပ်စ် ဒီဂရီ ၁၅ သန်းလောက်သာရှိတဲ့ နေရဲ့ ဗဟိုချက်ထက် အများကြီး ပိုပူပြင်းတဲ့ ဒီဂရီ သန်း ၁၀၀ ဝန်းကျင်အထိ ရောက်ရှိဖို့ လိုအပ်ပါတယ်။ ဒါဟာ တကယ့်ကို စိတ်ကူးယဉ်ဆန်တဲ့ အပူချိန်တစ်ခုပါ။

အရင်က ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံဟောင်း နေရာမှာ တည်ဆောက်မယ့် အဲဒီစီမံကိန်းသာ အတည်ပြုချက်ရခဲ့ရင် တန်နက်ဆီပြည်နယ်ရဲ့ ပထမဆုံး အကြီးစား ဖျူးရှင်းစွမ်းအင် စီမံကိန်းကြီး ဖြစ်လာမှာပါ။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ရုပ်ကြွင်းလောင်စာ အသုံးပြုမှုတွေကို လျှော့ချပြီး အကန့်အသတ်မရှိတဲ့ သန့်စင်စွမ်းအင်တွေ ရရှိဖို့ ရည်ရွယ်ထားတဲ့ ဒီ “နေမင်းအတု” စီမံကိန်းကြီးကို ၂၀၂၉ ခုနှစ်လောက်မှာ စတင်လည်ပတ်နိုင်ဖို့ ကုမ္ပဏီက မှန်းထားပါတယ်။

Ref : Technology Innovation