အသက်ကြီးလို့ ကိုယ်ခန္ဓာက အိုမင်းပျက်စီးသွားပေမဲ့ ကိုယ့်ရဲ့ဦးနှောက်ကို ကိုယ်ပွား (Clone) ခန္ဓာကိုယ်အသစ်တစ်ခုထဲ ပြောင်းထည့်ပြီး ဆက်လက်အသက်ရှင်နိုင်မယ့် နည်းပညာမျိုးကို သင် စိတ်ကူးဖူးပါသလား။ အခုတော့ ဒါဟာ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်တွေထဲမှာတင် မဟုတ်တော့ဘဲ လက်တွေ့မှာ တကယ်လုပ်ဖို့ ကြိုးစားနေကြပြီ ဖြစ်ပါတယ်။

Inside the stealthy startup that pitched brainless human clones | The  ultimate plan to live forever is a brand new body : r/Futurology

ဘီလျံနာတွေ ကျောထောက်နောက်ခံပေးထားတဲ့ R3 Bio ဆိုတဲ့ Startup ကုမ္ပဏီဟာ အသိစိတ်နဲ့ ဦးနှောက်မပါတဲ့ “လူသားကိုယ်ခန္ဓာအလွတ်” တွေကို ဖန်တီးပြီး အိုမင်းမစွမ်းဖြစ်နေသူတွေရဲ့ ဦးနှောက်ကို အစားထိုးထည့်သွင်းပေးမယ့် စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံသူတွေကို လျှို့ဝှက်စည်းရုံးနေတာကို MIT Technology Review က ဖော်ထုတ်လိုက်ပါတယ်။

 

🔶လူကိုယ်တိုင် အစားထိုးဖို့ ရည်မှန်းထားတဲ့ “အင်္ဂါအစိတ်အပိုင်းအိတ်”

 

ကုမ္ပဏီဘက်ကတော့ အင်္ဂါအစိတ်အပိုင်း အလှူရှင် ရှာဖွေရခက်တဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် အသိစိတ်မဲ့တဲ့ မျောက်တွေကို “အင်္ဂါအစိတ်အပိုင်းအိတ်” (Organ Sacks) အဖြစ် မွေးမြူဖန်တီးမယ်လို့ လူသိရှင်ကြား ပြောထားပါတယ်။ ဒါပေမဲ့ တကယ့်နောက်ကွယ်က ရည်မှန်းချက်ကတော့ လူသားကိုယ်ခန္ဓာတစ်ခုလုံးကို အသစ်လဲလှယ်ပစ်ဖို့အထိ ဖြစ်နေတာပါ။

🔶ဖြစ်နိုင်ပါ့မလား… ပညာရှင်တွေရဲ့ စိုးရိမ်မှု

 

ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေကတော့ လက်တွေ့မှာ ဖြစ်မလာနိုင်ဘူးလို့ ဝေဖန်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ –

တရားမဝင်ခြင်း: လူသားကို ကိုယ်ပွား (Clone) ဖန်တီးတာဟာ ဥပဒေအရ တားမြစ်ထားပါတယ်။

နည်းပညာ အကန့်အသတ်: အခုထိ လက်တွေ့မှာ မရှိသေးတဲ့ “သားအိမ်တု” နည်းပညာတွေ လိုအပ်မှာ ဖြစ်ပါတယ်။

ကိုယ်ကျင့်တရားဆိုင်ရာ: ဦးနှောက်မပါတဲ့ လူသားသန္ဓေသားတွေကို အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်ပေးရမယ့် အခြေအနေမျိုးဟာ လူသားမဆန်တဲ့ လုပ်ရပ်လို့ ထောက်ပြနေကြပါတယ်။

🔶လျှို့ဝှက်ဆွေးနွေးပွဲများ

ကုမ္ပဏီတည်ထောင်သူ John Schloendorn ဟာ လူသားကိုယ်ခန္ဓာ အစားထိုးလဲလှယ်ရေးနဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံသူတွေကို နှစ်ပေါင်းများစွာ လျှို့ဝှက်စည်းရုံးနေခဲ့တာပါ။ ကုမ္ပဏီဘက်ကတော့ ဒါဟာ အနာဂတ်အတွက် ကြိုတင်ယူဆချက်တွေကို ဆွေးနွေးရုံသက်သက်ပါလို့ ငြင်းဆိုထားပေမဲ့ ဒီသတင်းဟာ သိပ္ပံလောကမှာတော့ အတော်လေး ဂယက်ရိုက်သွားခဲ့ပါတယ်။

တကယ်လို့သာ ဒီနည်းပညာ အောင်မြင်ခဲ့ရင် ချမ်းသာတဲ့သူတွေဟာ ကိုယ်ခန္ဓာတွေ အထပ်ထပ်လဲပြီး ထာဝရရှင်သန်နိုင်တဲ့ ခေတ်ကို ရောက်သွားမလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Ref : Fossbytes