ဒေါ်နယ်ထရမ့် ဟာ အမေရိကန် သမ္မတ အဖြစ် ပြန်လည်ရွေးကောက်ခံရပြီးနောက်မှာ တစ်ကမ္ဘာလုံးမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်နေပါတယ်။ အဲဒါကတော့ အမေရိကန်ကို ပြည်ပနိုင်ငံတွေက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို အခွန်တိုးမြှင့်ကောက်ခံမယ်လို့ ကြုံးဝါးထားလို့ ဖြစ်ပါတယ်။
အခုတော့ ထရမ့်က သူ့ရဲ့ မူဝါဒကို အကောင်အထည်ဖော်လိုက်ပါတယ်။ ထရမ့်က နိုင်ငံတော်တော်များများကို အခွန်တိုးမြှင့်ကောက်ခံလိုက်ပါတယ်။ အဲဒီအတွက် ကမ္ဘာ့ဈေးကွက် လှုပ်ခတ်သွားသလို ကမ္ဘာ့ ဘီလီယမ်နာတွေရဲ့ ချမ်းသာကြွယ်ဝမှုတွေ ဧပြီလ ၂ ရက်နေ့ ၁ ရက်ထဲမှာ တော်တော် ထိခိုက်သွားပါတယ်။ အမေရိကန်မှ ဘီလီယမ်နာတွေ အဆိုးဆုံး ထိခိုက်ခဲ့ပြီး Meta ရဲ့ Mark Zuckerberg နဲ့ Amazon ရဲ့ Jeff Bezos တို့ဟာ ဆုံးရှုံးမှု အများဆုံး ဖြစ်ခဲ့ပါတယ်။
Mark Zuckerberg က ဒေါ်လာ ၁၇.၉ ဘီလီယမ် ဆုံးရှုံးသွားပြီး အားလုံးထဲမှာ အဆိုးဆုံးဖြစ်ပါတယ်။ Meta ရဲ့ စတော့ရှယ်ယာ တန်ဖိုးဟာ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ Zuckerberg ရဲ့ ကြွယ်ဝချမ်းသာမှုဟာလည်း ၉ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။
နောက်ထပ် နစ်နာသွားသူက အမေဇုန် သူဌေး Jeff Bezos ဖြစ်ပြီး ဟာ ဒေါ်လာ ၁၅.၉ ဘီလီယမ် ဆုံးရှံးသွားပါတယ်။ Amazon ရဲ့ စတော့ရှယ်ယာ တန်ဖိုးဟာ ဧပြီလ ၂ ရက်နေ့မှာ ၉ ရာခိုင်နှုန်း ကျဆင်းသွားပြီး ၂၀၂၂ ခုနှစ် ဧပြီလနောက်ပိုင်း အကြီးမားဆုံး ကျဆင်းမှု ဖြစ်ပါတယ်။
Elon Musk ကတော့ Tesla ဟာ ကားအများစုကို အမေရိကန်မှာ ထုတ်လုပ်နေတဲ့အတွက် ကြီးကြီးမားမား ထိခိုက်မှု မရှိပါဘူး။ ဒါပေမယ့်လည်း သူဟာ ဒေါ်လာ ၁၁ ဘီလီယမ် ဆုံးရှုံးသွားပါတယ်။
Ref : Straittimes