ဓါတ်ခွဲခန်းကနေ ထုတ်ထားတဲ့ ကြွက်သား တစ်သျှူးတွေနဲ့ တည်ဆောက်ထားတဲ့ လူတစ်ပိုင်း စက်ရုပ်တစ်ပိုင်းတွေဟာ လူသားတွေလို လေ့ကျင့်ခန်းပြုလုပ်ရာမှ အကျိုးကျေးဇူးရနိုင်တယ်လို့ သုတေသနစစ်တမ်း တစ်ခုက ဖော်ပြထားပါတယ်။

Biohybrid Robots: Seamlessly Integrating Living Skin

တရုတ် သိပ္ပံ အကယ်ဒမီမှ သုတေသန ပညာရှင်တွေက လူတစ်ပိုင်း စက်ရုပ်တစ်ပိုင်းတွေဟာ လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် စွမ်းအား တိုးတက်စေနိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။ စက်ရုပ်တွေမှာ လူ့ကြွက်သားတွေကို ထည့်သွင်းပေးလိုက်ရင် စွမ်းရည် ပိုကောင်းလာစေပါတယ်။

လူ့ ကြွက်သားလိုပဲ ကြွက်သား အတုတွေဟာ လေ့ကျင့်ခန်း ပြုလုပ်ခြင်းလို လှုံ့ဆော်မှုတွေကို တုန့်ပြန်နိုင်ပြီး ကြွက်သားတွေ ပိုမို ကြီးထွားလာနိုင်ပါတယ်။ အဲဒီအတွက် သိပ္ပံပညာရှင်တွေက လူတစ်ပိုင်း စက်ရုပ်တစ်ပိုင်းတွေကို တီထွင်နေတာ ဖြစ်ပါတယ်။

လူတစ်ပိုင်း စက်ရုပ်တစ်ပိုင်းတွေဟာ သက်ရှိနဲ့ သက်မဲ့ ဒြပ်ထုတွေကို ပေါင်းစပ်ထားပြီး လူတွေရဲ့ ခြေ လက်၊ အင်္ဂါအစိတ်အပိုင်းတွေကို တုပနိုင်ပါတယ်။ ပညာရှင်တွေက အနာဂတ်မှာ လူသားတွေနဲ့ လုံးဝ တူညီတဲ့ လူတစ်ပိုင်း စက်ရုပ်တစ်ပိုင်းတွေကို တီထွင်နိုင်မယ်လို့ ယုံကြည်ထားကြပါတယ်။

Ref : Technology Innovation