Bowhead ဝေလငါးတွေဟာ ကင်ဆာနဲ့ အသက်အရွယ်ကြောင့်ဖြစ်တဲ့ ရောဂါတွေကို ထူးထူးခြားခြား ခံနိုင်ရည်ရှိပြီး အသက် နှစ် ၂၀၀ အထိ နေထိုင်နိုင်ပါတယ်။

How a 200-Year-Old Whale Might Help Us Live Longer

ဝေလငါးတွေကို လေ့လာနေတဲ့ သိပ္ပံပညာရှင်တွေဟာ အိုမင်းရင့်ရော်မှုနဲ့ ရောဂါတွေနဲ့ ဆက်စပ်နေတဲ့ မျိုးရိုးဗီဇ ပျက်စီးမှုတွေကို ပြုပြင်ပေးတဲ့ CIRBP လို့ခေါ်တဲ့ DNA ပြုပြင်ပေးတဲ့ ပရိုတင်းဓာတ် အလွန်မြင့်မားစွာ ပါဝင်နေတာကို တွေ့ရှိခဲ့ပါတယ်။

Study: Bowhead Whale Genome May Hold Secret to Longevity

University of Rochester က သုတေသီတွေက အဲဒီ ပရိုတင်းဟာ တခြား နို့တိုက်သတ္တဝါအများစုထက် Bowhead ဝေလငါးတွေမှာ အဆ ၁၀၀ နီးပါး ပိုများနေတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဓာတ်ခွဲခန်း စမ်းသပ်မှုတွေအရ ဝေလငါးရဲ့ CIRBP ကို လူနဲ့ သစ်သီးယင်ကောင် ဆဲလ် (fruit fly cell)တွေမှာ ထည့်သွင်းလိုက်တဲ့အခါ DNA ပြုပြင်မှုကို တိုးတက်စေပြီး သစ်သီးယင်ကောင်တွေရဲ့ သက်တမ်းကိုပါ ပိုရှည်စေတာကို ပြသနေပါတယ်။

ဒီတွေ့ရှိမှုဟာ အိုမင်းရင့်ရော်မှုကို နှေးကွေးစေဖို့နဲ့ လူ့သက်တမ်းကို ပိုရှည်လာစေဖို့ ရည်ရွယ်တဲ့ အနာဂတ် သုတေသနတွေအတွက် အထောက်အကူ ဖြစ်စေနိုင်မယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

Ref : Fossbytes