Pennsylvania ပြည်နယ်မှာ ၁၁ နှစ်အရွယ် Clayton Dietz ဟာ သူ့ရဲ့ ၁၁ နှစ်ပြည့် မွေးနေ့ညမှာ Nintendo Switch ဂိမ်းစက် အသိမ်းခံရပြီး အိပ်ရာဝင်ခိုင်းတဲ့အတွက် စိတ်ဆိုးဒေါသထွက်ကာ မွေးစားဖခင်ဖြစ်သူကို သတ်ဖြတ်မှုနဲ့ တရားစွဲဆိုခံထားရပါတယ်။ သူ့ကို လူသတ်မှုနဲ့ ဖမ်းဆီးထားပြီး လူကြီးတစ်ယောက်လို ပြစ်ဒဏ်ချမှတ် စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

Fundraiser started for mother of boy charged with homicide, wife of man  shot and killed

အဲဒီဖြစ်စဉ်ဟာ ဇန်နဝါရီ ၁၃ ရက် မနက်အစောပိုင်းက Duncannon မြို့၊ South Market လမ်းက နေအိမ်မှာ ဖြစ်ပွားခဲ့တာပါ။ ရဲတပ်ဖွဲ့ရောက်ရှိသွားချိန်မှာ အသက် ၄၂ နှစ်အရွယ် ဖခင် Douglas Dietz ကို ခေါင်းမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးလျက် တွေ့ရှိခဲ့ပါတယ်။ မိခင်ဖြစ်သူ Jillian Dietz ကတော့ ကျယ်လောင်တဲ့အသံကြောင့် လန့်နိုးလာပြီး ခင်ပွန်းဖြစ်သူရဲ့ သွေးတွေ စီးကျနေတာကို တွေ့ရှိခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ကို ပြောပြထားပါတယ်။

Police say 11-year-old shot father over video game

ဖခင်ဖြစ်သူက ဂိမ်းစက်သိမ်းပြီး အိပ်ခိုင်းတဲ့အခါ စိတ်ဆိုးခဲ့တယ်လို့ ကလေးက ဝန်ခံထားပါတယ်။ ဖခင်ရဲ့ အံဆွဲထဲက မီးခံသေတ္တာသော့ကို ယူပြီး ဂိမ်းစက်ရှာဖွေရာကနေ သေနတ်ကို တွေ့ရှိခဲ့တာပါ။ အဲဒီနောက် သေနတ်ထဲ ကျည်ဆန်ထည့်ပြီး အိပ်ပျော်နေတဲ့ ဖခင်ဖြစ်သူနားကို လျှောက်သွားကာ ခလုတ်ဆွဲဖြုတ်ခဲ့တယ်လို့ ရဲမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ဇနီးမောင်နှံဟာ ဒီကလေးကို ၂၀၁၈ ခုနှစ်က မွေးစားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကလေးကို အာမခံမပေးဘဲ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ သေနတ်မပစ်ခင် ဘာဖြစ်လာမလဲဆိုတာကို မတွေးမိဘဲ စိတ်ဆိုးနေတာကြောင့်သာ လုပ်ခဲ့တာလို့ ကလေးက ရဲတွေကို ပြောပါတယ်။ သူ့ကို လာမယ့် ဇန်နဝါရီ ၂၂ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

Ref : people