ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ ဘရာဇီး တရားရေး ဌာနက Charger မထည့်သွင်းထားတဲ့ iPhone တွေဟာ Consumer တွေအတွက် နစ်နာစေတဲ့အတွက် ရောင်းချမှု ရပ်နားဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ဘရာဇီးက Apple ကို ဒေါ်လာ သန်းနဲ့ချီကာ ဒဏ်ငွေ ရိုက်ခဲ့ပေမယ့် Apple ဟာ အမိန့်ကို မလိုက်နာခဲ့ပါဘူး။

iPhone - Apple

အခုတော့ ဘရာဇီးက Charger မပါတဲ့ iPhone တွေကို စတိုးတွေကနေ သိမ်းနေပါတယ်။ ဘရာဇီးရဲ့ ဘရာစီလီယာက စတိုးတွေမှာ iPhone တွေကို လိုက်သိမ်းနေတာ ဖြစ်တယ်လို့ Technoblog က ရေးသားထားပါတယ်။ ဒါ့အပြင် အာဏာပိုင်တွေဟာ iPhone ရောင်းတဲ့အခါ Charger ထည့်သွင်းပေးဖို့ Apple ကို ပိုမို ဖိအားပေးမှာ ဖြစ်ပါတယ်။

iPhone 13: Buyer's Guide, Should You Buy?

အာဏာပိုင်တွေဟာ Carrier စတိုးတွေနဲ့ Apple အသိအမှတ်ပြု စတိုးတွေကနေ iPhone တွေကို သိမ်းနေတာ ဖြစ်ပြီး Charger မပါတဲ့ iPhone တွေကိုပဲ သိမ်းနေတာပါ။

Apple ဟာ iPhone 12 Series က စတင်ကာ ဘူးထဲမှာ Charger မထည့်သွင်းပေးတော့ပါဘူး။

Apple Brazil က တရားရုံး ဆုံးဖြတ်ချက် မချသေးခင်မှာ iPhone တွေကို ရောင်းချခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။ Apple ဟာ တရားရုံးမှာ အယူခံဝင်ထားတယ်လို့ သိရပြီး အမှုနိုင်မယ်လို့ ယုံကြည်ထားပါတယ်။

Ref : gizmochina