Cubot က 48GB RAM အထိ ပါတဲ့ ကမ္ဘာ့ ပထမဆုံး အကြမ်းခံဖုန်း ဖြစ်တဲ့ Cubot KingKong X Pro ကို နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ အဲဒီဖုန်းမှာ အမိုက်စား အကြမ်းစား Specs တွေ ထည့်သွင်းထားပြီး အောက်မှာ လေ့လာနိုင်ပါတယ်။
ကြီးမားတဲ့ 10,200mAh Battery
KingKons X Pro မှာ ရက်အနည်းငယ် အသုံးပြုနိုင်တဲ့ ကြီးမားတဲ့ 10,200mAh Battery တပ်ဆင်ထားပြီး 33W Fast Charging ထောက်ပံ့ထားပါတယ်။
များပြားတဲ့ Memory နဲ့ Storage
48GB RAM (24GB+24GB Extended) နဲ့ 256GB Storage ထည့်သွင်းထားပြီး အမြန်နှုန်းနဲ့ Multitasking အတွက် အရမ်းကောင်းပါတယ်။ Storage ထပ်တိုးချင်ရင် 1TB microSD Card စိုက်နိုင်ပါတယ်။
အဆင့်မြင့် Display
6.72” FHD+ Display နဲ့ 144Hz Refresh Rate ကြောင့် အလွန်ချောမွတ်ပြီး ဂိမ်းကစားရင် အရမ်း ကောင်းပါတယ်။
စွမ်းရည်မြင့် MediaTek Dimensity 8200
MediaTek Dimensity 8200 Processor ပါတဲ့အတွက် စွမ်းဆောင်ရည် အရမ်း ကောင်းပါတယ်။ Multitasking နဲ့ အမြန်နှုန်း အပိုင်းမှာ ပြိုင်ဖက်ကင်းပါတယ်။
အကြမ်းခံမှု
IP68 နဲ့ IP69K စံနှုန်း ထည့်သွင်းထားပြီး ရေနဲ့ ဖုန် မဝင်အောင်ကာကွယ်ပေးနိုင်သလို တုန်ခါမှုဒဏ်ကို ခံနိုင်ပါတယ်။ ပြင်းထန်တဲ့ ရာသီဥတုကိုလည်း အံတုနိုင်ပါတယ်။
Ref : gizchina