ဗြိတိန်ရဲ့ National Telecom Co Ltd (NT) ဟာ OneWeb ရဲ့ ဂြိုလ်တု အင်တာနက် အတွက် အာကာသမှာ ဂြိုလ်တု စတေရှင်ကို တည်ဆောက်ပြီးပါပြီ။

Our Story | OneWeb

NT ရဲ့ ဒါရိုက်တာ Sanphachai Huvanandana က ထိုင်း နိုင်ငံ Ubon Ratchathani မှ Sirindhorn စတေရှင်ထဲက မြေပြင် စတေရှင်ကို ၁၀၀ ရာခိုင်နှုန်း တည်ဆောက်ပြီးပြီ ဖြစ်ပြီး OneWeb ဟာ ကွာတား ၂ ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်း ဂြိုလ်တု အင်တာနက် ဝန်ဆောင်မှုကို ပြုလုပ်နိုင်ပြီလို့ ပြောပါတယ်။

OneWeb Minisatellite Constellation - eoPortal

Sanphanchai က OneWeb ရဲ့ မြေပြင် စတေရှင် တည်ဆောက်မှုဟာ ထိုင်းရဲ့ National Broadcasting and Telecommunications Commission (NBTC) ရဲ့ ခွင့်ပြုချက်မရတာကြောင့် နှောင့်နှေးခဲ့ရတယ်လို့ ပြောပါတယ်။ အဲဒီအတွက် OneWeb ဟာ အာဆီယံ အတွက် ဂြိုလ်တု အင်တာနက် ဝန်ဆောင်မှုကို ၁ နှစ်ကြာ နှောင့်နှေးခဲ့ရပါတယ်။

OneWeb ဟာ တစ်ကမ္ဘာလုံးအတွက် ဂြိုလ်တု အင်တာနက် ပံ့ပိုးပေးဖို့ ကမ္ဘာပတ်လမ်းကြောင်းမှာ ဂြိုလ်တု ၆၄၈ ခု လွှတ်တင်ဖို့ စီစဉ်ထားပြီး လက်ရှိမှာ ၄၂၈ ခုကို လွှတ်တင်ပြီးပါပြီ။ ကျန်တဲ့ ဂြိုလ်တုတွေကို ဒီနှစ်ထဲမှာ လွှတ်တင်မှာပါ။

OneWeb ရဲ့ ဂြိုလ်တု အင်တာနက်ဟာ Elon Musk ရဲ့ Starlink ကို ယှဉ်ပြိုင်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref : nationthailand