အလုပ်လုပ်နေရင်း ကိုယ်ပြောလိုက်တဲ့ စကားတိုင်းကို စက်ကနေ အကဲဖြတ်နေမယ်ဆိုရင် ဘယ်လိုနေမလဲ။ အခုဆိုရင် နာမည်ကြီး အမြန်စား စားသောက်ဆိုင်ခွဲဖြစ်တဲ့ ဘာဂါကင်း (Burger King) မှာ အဲဒီလို စနစ်မျိုးကို စတင် အသုံးပြုလာပြီ ဖြစ်ပါတယ်။ ဆိုင်ဝန်ထမ်းတွေ ဖောက်သည်တွေနဲ့ စကားပြောဆိုဆက်ဆံတဲ့အခါ ဘယ်လောက် ဖော်ရွေမှုရှိသလဲဆိုတာကို အကဲဖြတ်ဖို့အတွက် AI နည်းပညာသုံး နားကြပ်တွေကို မိတ်ဆက်လိုက်တာပါ။

Burger King Deploying AI To Monitor Employee 'Friendliness' - Mandatory

The Verge သတင်းဌာနရဲ့ ဖော်ပြချက်အရ Patty လို့ နာမည်ပေးထားတဲ့ အဲဒီစနစ်မှာ OpenAI ရဲ့ နည်းပညာကို အသုံးပြုထားပါတယ်။ ဝန်ထမ်းတွေအနေနဲ့ ဒီ AI နားကြပ်တွေကို မဖြစ်မနေ တပ်ဆင်ထားရမှာဖြစ်ပြီး စက်ကနေတစ်ဆင့် သူတို့ကို ပြန်လည်ပြောဆိုမှုတွေ လုပ်ဆောင်ပေးသွားမှာပါ။

Burger King's New AI Headsets Score Employee “Friendliness"

ဒီ AI စနစ်က ဝန်ထမ်းတွေ ဖောက်သည်တွေကို နှုတ်ဆက်တဲ့အခါ “ကြိုဆိုပါတယ်”၊ “ကျေးဇူးပြုပြီး” နဲ့ “ကျေးဇူးတင်ပါတယ်” စတဲ့ ယဉ်ကျေးတဲ့ စကားလုံးတွေ၊ စကားစုတွေကို သုံးနှုန်းခြင်း ရှိမရှိ အသေအချာ မှတ်သားပေးသွားမှာ ဖြစ်ပါတယ်။ ဆိုင်မန်နေဂျာတွေကတော့ အဲဒီကနေ ရလာတဲ့ အချက်အလက်တွေကို သုံးပြီး ဝန်ထမ်းတွေကို လိုအပ်တဲ့ သင်ကြားလမ်းညွှန်မှုတွေ လုပ်ပေးသွားမှာပါ။

အခုလို နည်းပညာကို သုံးရတာဟာ ဝန်ထမ်းတွေ နေရာမှာ အစားထိုးဖို့ မဟုတ်ဘဲ သူတို့ရဲ့ လုပ်ရည်ကိုင်ရည် ပိုကောင်းလာအောင် လမ်းညွှန်ပေးဖို့ပဲ ဖြစ်တယ်လို့ ဘာဂါကင်းရဲ့ ဒစ်ဂျစ်တယ်အရာရှိချုပ် Thibault Roux က ပြောပါတယ်။

Ref : Fossbytes