BYD က ၅ မိနစ်ထဲ အားသွင်းတာနဲ့ ၄၀၀ ကီလိုမီတာ (၂၄၉ မိုင်) မောင်းနှင်နိုင်တဲ့ အလွန်မြန်တဲ့ အားသွင်းနည်းပညာ အသစ်ကို ပြသလိုက်ပါတယ်။ ကုမ္ပဏီက တရုတ် နိုင်ငံတလွှားမှာ အဲဒီ အားသွင်းစက် ၄,၀၀၀ ကျော် တပ်ဆင်ဖို့ စီစဉ်ထားပါတယ်။
Super e-Platform လို့ နာမည်ပေးထားပြီး အမြင့်ဆုံး အနေနဲ့ 1,000 kW အထိ အားသွင်းနိုင်ပါတယ်။ Tesla ရဲ့ နောက်ထွက်မယ့် V4 Supercharger ထက် ၂ ဆ ပိုမြန်ပါတယ်။ အဲဒီ နည်းပညာ အသစ်ကို ၂၇၀,၀၀၀ ယွမ် ( ဒေါ်လာ ၃၇,၃၃၀) သတ်မှတ်ထားတဲ့ Han L Sedan နဲ့ Tang L SUV မှာ မိတ်ဆက်လိုက်တာ ဖြစ်ပါတယ်။
အားသွင်းနှုန်း မြန်တဲ့အပြင် BYD ရဲ့ နည်းပညာ အသစ်ဟာ စံချိန်တင် စွမ်းဆောင်ရည်မြင့်မားပြီး ကားတွေဟာ ၂ စက္ကန့်အတွင်း တစ်နာရီကို ၀ ကနေ ၁၀၀ ကီလိုမီတာ (62 mph) အရှိန်မြှင့်နိုင်ပါတယ်။
အားသွင်းနှုန်းမြန်တာ၊ စွမ်းဆောင်ရည်မြင့်မားတာနဲ့ ဈေးနှုန်းချိုသာတာတွေကြောင့် BYD ဟာ Tesla ကို ယှဉ်ပြိုင်နိုင်ရုံသာမက ၂၀၂၅ ခုနှစ်နဲ့ နောက်ပိုင်းမှာ လျှပ်စစ်ကား ဈေးကွက်ကို ကြီးစိုးဖို့ ကြိုးစားနေပါတယ်။
Ref : Technology Innovation