BYD က Han L Sedan နဲ့ Tang L SUV ကို ကြေညာလိုက်ပြီး ၅ မိနစ်အားသွင်းရင် မိုင် ၂၅၀ မောင်းနှင်နိုင်ပါတယ်။ BYD ရဲ့ 1000V Super e-platform ကို အခြေခံကာ တည်ဆောက်ထားတဲ့ ပထမဆုံး ကားတွေ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ ပြီးခဲ့တဲ့လမှာ အလွန်မြန်တဲ့ အားသွင်းပလက်ဖောင်းကို ကြေညာပြီးနောက်မှာ BYD CEO Wang Chuanfu က လောင်စာဆီကားတွေ ဆီဖြည့်တာလောက်မြန်တဲ့ လျှပ်စစ်ကားတွေကို ထုတ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။
အခုတော့ အဲဒီကားတွေကို BYD က ကြေညာလိုက်ပါပြီ။ Han L ကို မော်ဒယ် ၃ မျိုးထုတ်လုပ်ထားပြီး ဈေးအနည်းဆုံးက ၂၁၉,၈၀၀ ယွမ် ( ဒေါ်လာ ၃၀,၀၀၀) ဖြစ်ပါတယ်။ 83.2kWh BYD Blade Battery တပ်ဆင်ထားပြီး ၄၃၅ မိုင် (၇၀၁ ကီလိုမီတာ) မောင်းနှင်နိုင်ပါတယ်။ ၅ မိနစ်အားသွင်းရင် ၄၀၀ ကီလိုမီတာ (၂၄၈ မိုင်) မောင်းနှင်နိုင်ပြီး ၂၀ မိနစ်ထဲနဲ့ ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းနိုင်ပါတယ်။
Tang L အတွက်လည်း မော်ဒယ် ၃ မျိုးထုတ်လုပ်ထားပြီး ဈေးနှုန်းက ၂၃၉,၈၀၀ ယွမ် (ဒေါ်လာ ၃၂,၇၀၀)က စပါတယ်။ ၄၃၅ မိုင်မောင်းနှင်နိုင်ပြီး ၅ မိနစ်အားသွင်းရင် ၂၃၀ မိုင် (၃၇၀ ကီလိုမီတာ) မောင်းနှင်နိုင်ပါတယ်။ ၀ ကနေ ၁၀၀ ရာခိုင်နှုန်းကို မိနစ် ၃၀ ပဲကြာပါတယ်။
Ref : Electrek