BYD ဟာ လက်ရှိမှာ ကမ္ဘာ့ အကြီးမားဆုံး လျှပ်စစ်ကား ထုတ်လုပ်သူ ဖြစ်ပြီး နိုင်ငံအသစ်တွေမှာ ဈေးကွက်တိုးချဲ့ဖို့ ကြိုးစားနေပါတယ်။ BYD ဟာ လျှပ်စစ် ဘတ်စ်ကား နယ်ပယ်မှာလည်း ဥရောပမှာ လွှမ်းမိုးဖို့ စီစဉ်နေပါတယ်။ အခုတော့ BYD က ဘယ်လ်ဂျီယမ်၊ ဘရုဆဲလ်က Busworld Trade Fair မှာ ၂ ထပ် ဘတ်စ်ကားနဲ့ eBus B12 စီးတီး ဘတ်စ်ကားကို ပြသလိုက်ပါတယ်။
၂ ထပ် ဘတ်စ်ကားဟာ ၁၄ မီတာ ရှည်လျားပြီး ခရီးသည် ၈၀ ကို သယ်ဆောင်နိုင်ပါတယ်။ BYD ရဲ့ Blade Battery တပ်ဆင်ထားပြီး ၁ ခါအားသွင်းထားရင် ၆၀၀ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။
eBus B12 ဟာ BYD ရဲ့ Blade Battery ထည့်သွင်းထားတဲ့ ပထမဆုံး မော်ဒယ် ဖြစ်ပါတယ်။ eBus B12 မှာ 500 kWh Battery တပ်ဆင်ထားပြီး ၁ ခါအားသွင်းထားရင် ၆၀၀ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။ ဘတ်စ်ကား အသစ် ၂ စီးစလုံးမှာ BYD ရဲ့ နောက်ဆုံးပေါ် လျှပ်စစ်ကား နည်းပညာ ထည့်သွင်းထားပြီး ဉာဏ်ရည်မြင့် ယာဉ်မောင်း အထောက်အကူ စနစ်နဲ့ Vehicle-to-everything (V2X) ဆက်သွယ်ရေး နည်းပညာပါပါတယ်။ V2X ဟာ ကားနဲ့ တခြား အရာတွေ ဆက်သွယ် စကားပြောနိုင်တဲ့ နည်းပညာ ဖြစ်ပါတယ်။
၂ ထပ် ဘတ်စ်ကားကို ၂၀၂၄ ခုနှစ် အစောပိုင်း ဥရောပမှာ ရောင်းချနိုင်ပါတယ်။ eBus B12 ကို ဥရောပမှာ ၂၀၂၄ ခုနှစ်အလယ်မှာ ရောင်းချနိုင်ပါတယ်။ BYD ရဲ့ လျှပ်စစ် ဘတ်စ်ကား အသစ်တွေဟာ ရေရှည်တည်တန့်တဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် အကျိုးရှိစေမှာပါ။
Ref : gizmochina