တရုတ် လျှပ်စစ်ကား ကုမ္ပဏီ BYD က တရုတ်မှာ Song L SUV လျှပ်စစ်ကားကို ကြေညာလိုက်ပါတယ်။ အဲဒီကားရဲ့ Concept မော်ဒယ်ကို ၂၀၂၃ ခုနှစ် ဧပြီလက ရှန်ဟိုင်း ကားပြပွဲမှာ ပထမဆုံး ပြသခဲ့ပါတယ်။

အောက်တိုဘာလ ၁၃ ရက်နေ့မှာ ကြိုတင်မှာယူခွင့်ပေးခဲ့ပြီး ၁၇ ရက်အတွင်း မှာယူသူ ၁၁,၀၀၀ ကျော်ရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာ ကြိုတင်မှာယူသူ ၃၀,၀၀၀ နီးပါး ရှိလာပါပြီ။

BYD Song L electric SUV

Song L ဟာ အလွန်လှပတဲ့ SUV ဖြစ်ပြီး Sports ဒီဇိုင်း ဖြစ်ပါတယ်။ Orange, Light Blue, Black, White နဲ့ Gray စတဲ့ အရောင် ၅ မျိုး ထုတ်လုပ်ထားပြီး အတွင်းပိုင်းမှာ အဖြူရောင်ကို အသုံးပြုထားပါတယ်။ 15.6” Floating Infotainment Panel နဲ့ 10.5” Instrument Display Screen တပ်ဆင်ထားပါတယ်။

BYD Song L electric SUV

မော်ဒယ် ၅ မျိုး ထုတ်လုပ်ထားပြီး ၆၆၂ ကီလိုမီတာ မောင်းနှင်နိုင်တဲ့ မော်ဒယ် ကနေ အနိမ့်ဆုံး ၅၅၀ ကီလိုမီတာ မောင်းနှင်နိုင်တဲ့ မော်ဒယ်အထိ အစားစား ရှိပါတယ်။

စောစောဝယ်ယူတဲ့ သူတွေအတွက် ပရိုမိုးရှင်းတွေ ပြုလုပ်ပေးထားပြီး ၁၅ ရာခိုင်နှုန်း ကြိုတင်ငွေ ပေးသွင်းကာ ၂ နှစ် အရစ်ကျ ဝယ်ယူနိုင်ပါတယ်။

အရွယ်အစား အပြည့်အစုံက 190 x 77 x 61 inches ဖြစ်ပြီး Tesla Model Y ထက် ပိုရှည်၊ ပိုကျယ်ပေမယ့် အမြင့် ပိုနိမ့်ပါတယ်။

BYD Song L electric SUV

BYD Song L SUV ရဲ့ ဈေးနှုန်းက ၁၈၉,၈၀၀ ယွမ် (၂၆,၇၀၀ ဒေါ်လာ) ကနေ ၂၄၉,၈၀၀ ယွမ် (၃၅,၁၀၀ ဒေါ်လာ) အထိ အစားစား ရှိပါတယ်။ ဒေါ်လာ ၃၇,၄၀၀ တန်ကြေး ရှိတဲ့ Tesla Model Y ထက် ဈေးနှုန်း ချိုသာပါတယ်။

Ref : gizmochina