အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားက လူ ၁ ယောက်ဟာ ရဲ ဟယ်လီကော်ပတာကို ဒရုန်းနဲ့ တိုက်မိလို့ ထောင်ကျတော့မှာပါ။ သူ့ အမည်က ဟာနန်ဒက်ဇက် ဖြစ်ပြီး ထောင်ဒဏ် ၁ နှစ်နဲ့ အများဆုံး ငွေဒဏ် ဒေါ်လာ ၂၅၀,၀၀၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

Hollywood man pleads guilty to federal charge for slamming drone into an LAPD helicopter | Daily Mail Online

ဖြစ်ပုံက ဒီလိုပါ။ ဟာနန်ဒက်ဇက်ဟာ စက်တင်ဘာလက သူ့ ဇာတိ ဟောလီးဝုဒ်  အိမ် အနားက မှုခင်း ၁ ခုကို အရွယ်သေး ဒရုန်း ၁ စီးနဲ့ ကြည့်ရှုခဲ့ပါတယ်။ အဲဒီ ဒရုန်းဟာ ကံဆိုးစွာပဲ ရဲ ဟယ်လီကော်ပတာကို ဝင်တိုက်ခဲ့တဲ့အတွက် အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ ဟယ်လီကော်ပတာပေါ်က ရဲ အရာရှိတွေ အားလုံး ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပေမယ့် ဒါဟာ ကံကောင်းတာလို့ အာဏာပိုင်တွေက သုံးသပ်ပါတယ်။ ဟာနန်ဒက်ဇက် ရဲ့ ဒရုန်းဟာ ဟယ်လီကော်ပတာရဲ့ လေရဟတ်ကို ထိခိုက်မိကာ ပျက်ကျသွားနိုင်ပါတယ်။

Man pleads guilty after drone hits LAPD helicopter, conviction 1st of its kind

ရဲတွေက ဒရုန်းရဲ့ မန်မိုရီ ကတ်က သက်သေတွေကို စစ်ဆေးပြီးနောက်မှာ ဟာနန်ဒက်ဇက်ကို နိုဝင်ဘာလမှာ အရေးယူခဲ့ပြီး ဧပြီလ ၁၂ ရက်နေ့မှာ ပြစ်ဒဏ် ကျခံစေမှာဖြစ်ပါတယ်။

အမေရိကန်မှာ နေအိမ်သုံး ဒရုန်းတွေကို မှတ်ပုံတင်ထားရပြီး မပျံသန်းရတဲ့ ဧရိယာတွေ သတ်မှတ်ထားပါတယ်။ ဒရုန်းကြောင့် ပြဿနာတက်သွားတာ ဟာနန်ဒက်ဇက်ချည်းပဲ မဟုတ်ပါဘူး။ ၂၀၁၇ ခုနှစ်တုန်းကလည်း ဝါရှင်တန်က လူ ၁ ယောက်ဟာ သူ့ ဒရုန်းကြောင့် အမျိုးသမီး ၁ ယောက် မေ့သွားတဲ့အတွက် ထောင် ရက် ၃၀ ကျသွားခဲ့ပါတယ်။

Ref : theverge