[Unicode]

၂၀၁၉ ခုနှစ်မှာ စတင်ထွက်ရှိခဲ့တဲ့ Call of Duty: Mobile ဟာ ကမ္ဘာအဝန်းက Mobile Gamers တွေရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။ အခုဆိုရင် အဲဒီ Game ကို Download ပြုလုပ်တဲ့ အကြိမ်အရေအတွက်ဟာ သန်းနဲ့ချီရှိနေပြီဖြစ်ပြီး Google Play Store က ၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံး Game အဖြစ် ရွေးချယ်ခဲ့ပါတယ်။ အခုတော့ အရင်ထက်ပိုပြီး အကြမ်းဆုံး ၊ အလန်းဆုံး ကစားနိုင်မယ့် Season 3 Update ကို ဖြန့်ချိပေးလိုက်ပြီဖြစ်ပြီး Battle နဲ့ Premium Pass Modes တွေ ပါလာပါတယ်။

Battle Pass က Multiplayer Matches တွေမှာ နေ့စဉ် ၊ အပတ်စဉ် အလုပ်တွေ အောင်မြင်ပြီးမြောက်ရင် အရင်က Lock လုပ်ထားတဲ့ Items တွေကို ရရှိစေမှာဖြစ်ပါတယ်။ ဒီလ ၁၉ ရက်နေ့မှာ အဲဒီ Mode အသစ်ကို စတင် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Premium Pass အသစ်လည်း ထည့်သွင်းထားပြီး COD Points နဲ့ Unlock လုပ်နိုင်သလို Weapons နဲ့ Skins တွေလို Exclusive Contents တွေကို ရရှိနိုင်ပါတယ်။ ဒါ့အပြင် အဆင့် မြန်မြန် တက်စေဖို့အတွက် XP ပိုမို ရစေမှာ ဖြစ်ပါတယ်။

Modes အသစ်တွေအပြင် Season 3 မှာ Maps အသစ် ၂ ခု ပါလာပါတယ်။ Scrapyard ကို နောက်ဆုံးထုတ် Update မှာ ထည့်သွင်းပေးထားပြီး Cage ကို နောက်ပိုင်းမှာ ကစားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Rapid Fire Multiplayer Mode အသစ်ပါလာပြီး မြန်မြန်ဆန်ဆန် ပွဲတွေ ကစားနိုင်အောင် ဖန်တီးပေးထားပါတယ်။ Battle Royale Scenario မှာ ၁ ဖွဲ့ အယောက် ၂၀ နဲ့ ၂ ဖွဲ့ တိုက်ခိုက်နိုင်မယ့် Warfare ကလည်း မိုက်ပါတယ်။

Ref : gsmarena

[Zawgyi]

Game Modes, Weapons နဲ့ Maps အသစ်တွေ ပါလာတဲ့ Call of Duty: Mobile Season 3




Ref : gsmarena