Canalys က ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း စမတ်ဖုန်း ရောင်းအား စစ်တမ်းကို ထုတ်ပြန်လိုက်ပြီး Apple ဟာ Samsung ရဲ့ နောက် နံပါတ် ၂ နေရာကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ကွာတား ၃ မှာ စမတ်ဖုန်း အလုံးရေ ၃၂၅.၅ သန်း ရောင်းချနိုင်ခဲ့ပြီး အရင်နှစ် ကွာတား ၃ ထက် ၆ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ ဒီလို ရောင်းအားကျသွားတာဟာ တစ်ကမ္ဘာလုံး Chipset မလုံလောက်မှုကြောင့် ဖြစ်ပါတယ်။
Samsung ဟာ ဖုန်း အလုံးရေ ၆၉.၄ သန်း ရောင်းချနိုင်ခဲ့ပြီး အရင်နှစ်ကထက် ၁၃ ရာခိုင်နှုန်း နည်းသွားပါတယ်။ Apple က ၄၉.၂ သန်း ရောင်းချနိုင်ခဲ့ပြီး အရင်နှစ်ကထက် ၁၄ ရာခိုင်နှုန်း တက်လာပါတယ်။ ဒီလို တက်လာတာ iPhone 13 Series ရောင်းအားကောင်းတာကြောင့် ဖြစ်သလို iPhone 12 Series တွေရဲ့ ရောင်းအားဟာလည်း ကျမသွားလို့ ဖြစ်ပါတယ်။
နံပါတ် ၃ နေရာကို Xiaomi က ၄၄ သန်းနဲ့ သိမ်းပိုက်ထားပြီး OPPO နဲ့ vivo တို့က ၃၆.၇ သန်း၊ ၃၄.၂ သန်း အသီးသီးရောင်းချနိုင်ခဲ့ပါတယ်။ OPPO နဲ့ vivo တို့ဟာ အရင်နှစ်ကထက် ၁၈ နဲ့ ၈ ရာခိုင်နှုန်း အသီးသီး တိုးတက်လာပါတယ်။
၂၀၂၁ ခုနှစ်ရဲ့ ကွာတား ၄ ဖြစ်တဲ့ နောက်ဆုံး ၃ လမှာ စမတ်ဖုန်း ကုမ္ပဏီတွေဟာ Supply Chain ပိုကောင်းအောင် အာရုံစိုက်ထားမယ်လို့ Canalys က သုံးသပ်ထားပါတယ်။ ဒါ့အပြင် ဈေးနှုန်းတွေကို ပြင်ဆင်တဲ့ နည်းဗျူဟာတွေကို အသုံးပြုလာနိုင်ပြီး Carrier တွေကနေ လျှော့ဈေးတွေနဲ့ ရောင်းချပေးနိုင်ပါတယ်။
Ref : gsmarena