Captain America Skin ကို Fortnite မှာ အသုံးပြုနိုင်ပြီလို့ Epic Games က ကြေညာလိုက်ပါတယ်။ ကုမ္ပဏီက Captain America ဟာ နာမည်ကျော် Battle Royale Game အတွက် နောက်ဆုံးထွက်လာတဲ့ Comic-themed Skin ဖြစ်တယ်လို့ ပြောပါတယ်။

Captain America ဟာ Fortnite In-game Store မှာ 2,000 V-bucks ( ၂၀ ဒေါ်လာဝန်းကျင်) ကျသင့်ပါတယ်။ အဲဒီ Skin ကို ဝယ်ယူရင် Captain America ရဲ့ အထင်ကရ Shield ကိုလည်း ရရှိမှာ ဖြစ်ပါတယ်။ Shield ကို နောက်ကျောမှာ လွယ်ထားနိုင်သလို တိုက်ခိုက်ဖို့အတွက်လည်း သုံးနိုင်ပါတယ်။ Captain America ရဲ့ Shield ဟာ အဲဒီ ဂိမ်းမှာ ဟိုးအရင်က ရှိခဲ့ဖူးပါတယ်။ အရင်နှစ်က Avengers-themed Mode မှာ အချိန်အကန့်အသတ် ၁ ခုအတွင်း Shield ကို သုံးနိုင်ခဲ့ပေမယ့် အပိုင် ဝယ်ယူထားလို့ မရခဲ့ပါဘူး။

Captain America-themed Fireworks အသစ်ကိုလည်း ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး Fortnite Island မှာ Independence Day ကျင်းပချိန်မှာ မီးပန်းအလှတွေ ခံစားရမှာ ဖြစ်ပါတယ်။ အဲဒါဟာ 300 V-bucks ကျသင့်မှာပါ။

Fortnite ဟာ နာမည်ကျော် ကာတွန်းစာအုပ်တွေက ဇာတ်ကောင်တွေရဲ့ Skin တွေကို ဖန်တီးပေးလေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ် Season က Battle Pass ရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ Deadpool ကို ဖန်တီးပေးခဲ့ပြီး ဒီနှစ် Season ရဲ့ Battle Pass မှာ Aquaman ပါလာမှာပါ။ Epic Games ဟာ Marvel Black Widow နဲ့ Star-Lord တို့ကိုလည်း ရောင်းပေးထားသလို Harley Quinn, Batman နဲ့ Catwoman တို့ အပါအဝင် DC Skin တို့ကို ပံ့ပိုးပေးထားပါတယ်။

Ref : theverge