Carwow က Abu Dhabi မှာ ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုတစ်ခုမှာ မြင်းကောင်ရေ ၁,၅၂၆ အားရှိတဲ့ Xiaomi SU7 Ultra က သူ့ထက် ဈေးနှုန်း ၁၀ ဆကျော် ပိုပေးရတဲ့ Ferrari SF90 XX hybrid ကားကို အနိုင်ရရှိသွားပါတယ်။ သဲမုန်တိုင်းတိုက်ခတ်ထားလို့ လမ်းချော်နေတဲ့ ပြိုင်ကွင်းလမ်းမပေါ်မှာ ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

Xiaomi SU7 Ultra မှာ လျှပ်စစ်မော်တာ ၃ လုံး တပ်ဆင်ထားပြီး မြင်းကောင်ရေ ၁,၅၂၆ အားနဲ့ ရုန်းအား ၁,၃၀၅ ပေါင်-ပေ ထွက်ရှိပါတယ်။

Ferrari SF90 XX မှာတော့ Twin-turbo V8 အင်ဂျင်နဲ့ လျှပ်စစ်မော်တာ ၃ လုံးကို ပေါင်းစပ်ထားပြီး မြင်းကောင်ရေ ၁,၀၁၆ ဝန်းကျင်သာ ထွက်ရှိပါတယ်။ ဒါပေမယ့် Ferrari ရဲ့ အလေးချိန်က ပေါင် ၃,၆၆၀ သာ ရှိပြီး ပေါင် ၅,၂၀၀ လေးတဲ့ Xiaomi ထက်တော့ အများကြီး ပိုပေါ့ပါးပါတယ်။
ပြိုင်ပွဲရလဒ်မှာတော့ မိုင် လေးပုံတစ်ပုံ (Quarter mile) အကွာအဝေးကို SU7 Ultra က ၉.၃ စက္ကန့်နဲ့ ပန်းဝင်ခဲ့ပြီး Ferrari ကတော့ ၁၀.၂ စက္ကန့်နဲ့ နောက်ကနေ လိုက်ပါလာပါတယ်။ မိုင်ဝက် (Half-mile) ယှဉ်ပြိုင်မှုမှာလည်း Xiaomi က ၁၄.၅ စက္ကန့်နဲ့ အဆုံးသတ်နိုင်ခဲ့ပြီး Ferrari ကတော့ ၁၅.၇ စက္ကန့် ကြာမြင့်ခဲ့ပါတယ်။
Ref : Fossbytes