တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ CATL ဟာ အရေးကြီးပြီး အန္တရာယ်များတဲ့ လုပ်ငန်းခွင်တွေမှာ လူတွေနေရာ အစားထိုးဖို့ရည်ရွယ်ပြီး humanoid robot တွေနဲ့ လည်ပတ်မယ့် ကမ္ဘာ့ပထမဆုံး အကြီးစား EV ဘက်ထရီ ထုတ်လုပ်ရေးလိုင်းကို မိတ်ဆက်လိုက်ပါတယ်။

ရိုဘော့တွေနဲ့ လည်ပတ်တဲ့ အဲဒီထုတ်လုပ်ရေးလိုင်းဟာ Henan ပြည်နယ်ရှိ CATL ရဲ့ Luoyang စက်ရုံမှာ ရှိပြီး ဒါဟာ embodied AI ထုတ်လုပ်မှုကဏ္ဍအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။
Xiaomo လို့ခေါ်တဲ့ humanoid robot ဟာ တိကျမှုအမြင့်မားဆုံး လိုအပ်တဲ့ ဘက်ထရီ connector တပ်ဆင်တာနဲ့ ထုတ်လုပ်မှုနောက်ဆုံးအဆင့် စစ်ဆေးတာလိုမျိုး ရှုပ်ထွေးတဲ့ အလုပ်တွေကို လုပ်ဆောင်နိုင်ပါတယ်။ Spirit AI နဲ့ ပူးပေါင်းဖန်တီးထားတဲ့ Xiaomo စက်ရုပ် ဟာ မရေရာတဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေနိုင်ဖို့နဲ့ အစိတ်အပိုင်းတွေ ပျက်စီးတာကို ရှောင်ရှားနိုင်ဖို့ vision-language-action model တွေကို အသုံးပြုထားပါတယ်။

ဒီရိုဘော့တွေဟာ ချိတ်ဆက်မှုအပိုင်းမှာ ၉၉% ကျော် အောင်မြင်မှုရှိပြီး နေ့စဉ်ထုတ်လုပ်မှုကို ၃ ဆ တိုးတက်စေတဲ့အပြင် ကမ္ဘာ့ဘက်ထရီဈေးကွက်ကို လွှမ်းမိုးထားနိုင်ဖို့ အထောက်အကူပြုတယ်လို့ CATL က ပြောပါတယ်။
Ref : Fossbytes