ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို တရုတ် နိုင်ငံ ဘေဂျင်းမှာ စတင် ကျင်းပလိုက်ပြီ ဖြစ်ပါတယ်။ အခုတော့ Caviar က အဲဒီပွဲတော်အတွက် ရွှေနဲ့ သွန်းလောင်းအလှဆင်ထားတဲ့ အထူးထုတ် iPhone မော်ဒယ်တွေကို ရောင်းချပေးလိုက်ပါတယ်။

Caviar iPhone 13 Pro and 13 Pro Max Olympic Hero Gold

iPhone 13 Pro နဲ့ iPhone 13 Pro Max တွေကို အဆင့်မြှင့်ထားတာ ဖြစ်ပြီး Caviar က အနောက်ဘက်ကာဗာကို ထိခိုက်မှုဒဏ် ခံနိုင်ပြီး ပေါ့ပါးတဲ့ ဒြပ်ထုနဲ့ တည်ဆောက်ထားကာ နေရောင်ဖြာထွက်တဲ့ ဒီဇိုင်း ဖန်တီးထားပါတယ်။ အနောက်ဘက်မှာ ဘေဂျင်း ဆောင်းရာသီ အိုလံပစ် လိုဂိုနဲ့အတူ Xiaohaituo တောင်၊ National Alpine Ski Center နဲ့ စကိတ် လမ်းကြောင်း ဒီဇိုင်းတွေကို ထည့်သွင်းထားပါတယ်။ အမိုက်ဆုံးက Caviar Branding ၊ ဖုန်း ပတ်လည်နဲ့ ကင်မရာ Ring တွေကို ၁၈ ကာရက် ရွှေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ Limited Edition ဖြစ်တဲ့အတွက် ၈ လုံးပဲ ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။

iPhone 13 Pro Olympic Hero Gold

iPhone 13 Pro Olympic Hero Gold 128GB မော်ဒယ်ကို ဒေါ်လာ ၂၆,၀၀၀ နဲ့ iPhone 13 Pro Max Olympic Hero Gold 1TB မော်ဒယ်ကို ဒေါ်လာ ၂၇,၀၈၀ သတ်မှတ်ထားပြီး မြန်မာငွေ သိန်း ၄၆၀ နဲ့ သိန်း ၄၈၀ ဝန်းကျင် အသီးသီး တန်ကြေးရှိပါတယ်။

Caviar ဟာ အရင်ကလည်း ထူးခြား တန်ဖိုးကြီးတဲ့ iPhone Casing တွေကို ဖန်တီးရောင်းချခဲ့ဖူးပါတယ်။ အဲဒီအထဲမှာ ကျည်ဆံ မတိုးတဲ့ iPhone 13 Pro ၊ Tesla Model 3 ကို အရည်ကြိုကာ ဖန်တီးထားတဲ့ iPhone 13 Pro နဲ့ ဒိုင်နိုဆော သွားအပိုင်းအစတွေပါတဲ့ iPhone 13 Pro တို့ ပါဝင်ပါတယ်။

Ref : gizmochina