Caviar က ထုံးစံအတိုင်း စိတ်ဝင်စားစရာကောင်းတဲ့ ထုတ်ကုန် တချို့ကို ကြေညာလိုက်ပါတယ်။ အဲဒါတွေကတော့ စွမ်းရည်မြင့် Custom Apple iPhone 13 Pro Series နဲ့ SpaceX / Tesla စီအီးအို Elon Musk ရုပ်တုတွေပဲ ဖြစ်ပါတယ်။ ထူးခြားတာက Tesla ကားကို အရည်ကြိုကာ အဲဒီ ထုတ်ကုန်တွေကို ဖန်တီးထားတာပါ။

Caviar

Custom iPhone အကြောင်းအရင် ပြောပြရင် Caviar က iPhone 13 Pro နဲ့ iPhone 13 Pro Max Electro တို့ကို ကြေညာထားပါတယ်။ အဲဒီ မော်ဒယ်တွေဟာ နောက်ဆုံးထုတ် Customized iPhone 13 Series ဖြစ်ပြီး Caviar ဟာ မကြာခင်က ဒိုင်နိုဆော သွားအစစ်တွေပါတဲ့ iPhone 13 Pro ကို ရောင်းချခဲ့ပါသေးတယ်။ အခုမော်ဒယ်တွေရဲ့ ဖရိမ်ကို တိုက်တေနီယမ်နဲ့ တည်ဆောက်ထားပြီး အနောက်ဘက်ကို အနက်ရောင် PVD Coating နဲ့ ဖုံးအုပ်ထားပါတယ်။

တုန်ခါမှုဒဏ် ခံနိုင်တဲ့ Composite ဒြပ်ထု ၁ မျိုးနဲ့ အလူမီနီယမ် Panel လည်း တပ်ဆင်ထားပါတယ်။ အဲဒီ ဒြပ်ထုကို Tesla Model 3 ကိုယ်ထည်ကနေ ဖန်တီးထားတာ ဖြစ်ပြီး Musk , Tesla Logo နဲ့ ကား ပုံတွေ ရေးထွင်းထားပါတယ်။ Tesla Electro မော်ဒယ်ကို ၉၉ လုံးပဲ ထုတ်လုပ်မှာ ဖြစ်ပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၆,၇၆၀ ဒေါ်လာ သတ်မှတ်ထားကာ မြန်မာငွေ သိန်း ၁၂၀ လောက်ရှိပါတယ်။

Caviar

Caviar ရဲ့ Elon Musk ရုပ်တုအောက်ခြေကို အနက်ရောင် စကျင်ကျောက်နဲ့ တည်ဆောက်ထားပြီး ရွှေမျဉ်းကြောင်းမှာ ရုပ်တုရဲ့ Serial Number ရေးထွင်းထားပါတယ်။ အဲဒီ ရုပ်တုကို ၂၇ ခုပဲ ထုတ်လုပ်ရောင်းချမှာပါ။

Tesla Model 3 ရဲ့ သတ္တု အစိတ်အပိုင်းတွေကို အရည်ကြိုကာ အဲဒီ ရုပ်တုကို ဖန်တီးထားတာ ဖြစ်ပြီး ကမ္ဘာ့အချမ်းသာဆုံး သူဌေးရဲ့ ရုပ်တုကို လိုချင်ရင် ၃,၂၂၀ ဒေါ်လာ ကျသင့်မှာဖြစ်ကာ မြန်မာငွေ ၅၇ သိန်းလောက် တန်ကြေးရှိပါတယ်။

Ref : gizmochina