Caviar က iPhone 17 Pro နဲ့ 17 Pro Max ကို အခြေခံထားတဲ့ Victory Collection ကို မိတ်ဆက်လိုက်ပါတယ်။ Collection အသစ်မှာ Magma, Onyx, Polar, Adamant, နဲ့ Ultramarine ဆိုပြီး ကွဲပြားတဲ့ မော်ဒယ် ၅ မျိုး ပါဝင်ပါတယ်။ Caviar က ဒီဇိုင်းတစ်ခုချင်းစီကို ၁၉ လုံးပဲ ထုတ်လုပ်ရောင်းချမှာပါ။
Victory စီးရီးရဲ့ ဖရိမ်ကို လေယာဉ်အဆင့် တိုက်တေနီယမ် ဒါမှမဟုတ် အားဖြည့်သံမဏိနဲ့ ပြုလုပ်ထားပါတယ်။ Caviar က မိကျောင်းသားရေ၊ နွားသားရေ နဲ့ Hermès Epsom သားရေလို အရည်အသွေးမြင့် ပစ္စည်းတွေကို ထည့်သွင်းအသုံးပြုထားပါတယ်။ ခိုင်ခံ့မှုနဲ့ ဒီဇိုင်း မြှင့်တင်ဖို့ ကုမ္ပဏီက ခေတ်မီတဲ့ PVD အလွှာကိုလည်း အသုံးပြုထားပါတယ်။
Victory Magma မှာ အနက်ရောင် တိုက်တေနီယမ်ကို တောက်ပတဲ့ လိမ္မော်ရောင် အနားသတ်တွေ၊ မိကျောင်းသားရေတွေနဲ့ ပေါင်းစပ်ထားပါတယ်။ ဒီဇိုင်းကို မီးတောင်ရဲ့ စွမ်းအင်ကနေ ဉာဏ်ကွန့်မြူးထားပြီး ဆွဲဆောင်မှုရှိပြီး ရဲရင့်တဲ့ ပုဂ္ဂိုလ်တွေအတွက် ဖန်တီးထားပါတယ်။ Victory Onyx ကတော့ အရောင်တင်ထားတဲ့ တိုက်တေနီယမ်ကို အနက်ရောင် နွားသားရေနဲ့ ပေါင်းစပ်ထားပြီး သပ်ရပ်တဲ့လိုင်းတွေနဲ့ ရိုးရှင်းမှုကို အာရုံစိုက်ထားပါတယ်။
Victory Polar မှာ အဖြူရောင် မိကျောင်းသားရေနဲ့ တိုက်တေနီယမ်ကို သုံးထားပါတယ်။ ဒီဇိုင်းက မျှတမှု၊ ရှင်းလင်းပြတ်သားမှုနဲ့ သန့်စင်တဲ့ အလှတရားကို အလေးပေးထားပါတယ်။ Victory Adamant ကတော့ အညိုရောင် PVD အလွှာပါတဲ့ သံမဏိကို Hermès သားရေနဲ့ တွဲစပ်ထားပါတယ်။ ကုမ္ပဏီရဲ့ အဆိုအရ ဒါက ခိုင်မာပြီး ခံနိုင်ရည်ရှိတဲ့ ပုံရိပ်ကို ထင်ဟပ်စေပါတယ်။ Victory Ultramarine ကတော့ အရောင်တင်ထားတဲ့ တိုက်တေနီယမ် ဖရိမ်ထဲမှာ တောက်ပတဲ့ အပြာရောင်သားရေကို အသုံးပြုထားပါတယ်။
မှာယူသူတိုင်းအတွက် Caviar က စုဆောင်းစရာ အကြွေစေ့တစ်စေ့နဲ့ ၂၄ ကာရက် ရွှေရည်စိမ် သော့တစ်ချောင်းကိုလည်း ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။
ဈေးနှုန်း
Caviar က Victory Collection ရဲ့ အနိမ့်ဆုံးဈေးနှုန်းက ဒေါ်လာ $10,060 ကနေ စပါတယ်။ Victory Ultramarine မော်ဒယ်က ဒေါ်လာ $10,060 နဲ့ ဈေးအသက်သာဆုံးဖြစ်ပြီး သူ့နောက်မှာတော့ Victory Onyx နဲ့ Victory Polar တို့က ဒေါ်လာ $10,200 စီရှိပါတယ်။
Victory Adamant က ဒေါ်လာ $10,490 ကျသင့်မှာဖြစ်ပြီး Victory Magma ကတော့ ဈေးအကြီးဆုံးအဖြစ် ဒေါ်လာ $10,630 သတ်မှတ်ထားပါတယ်။ အရေအတွက် ကန့်သတ်ထားတဲ့ မော်ဒယ် ၅ မျိုးစလုံးကို Caviar ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကနေတစ်ဆင့် အခုပဲ မှာယူနိုင်ပြီ ဖြစ်ပါတယ်။
Ref : Gizmochina