နောက်တစ်ပတ်မှာ ကြေညာမယ့် Huawei Mate 50 Series မှာ လုပ်ဆောင်ချက် အသစ်များစွာ ပါလာမှာ သေချာပါတယ်။ Huawei Mate 50 Series ဟာ ဒဿမမြောက်မျိုးဆက် ဖြစ်ပြီး အခုတော့ စီအီးအို Richard Yu က အင်တာဗျူး တစ်ခုမှာ အဲဒီ ဖုန်းတွေမှာ ပါမယ့် အဓိက လုပ်ဆောင်ချက် ၃ ခုကို ပြောပြခဲ့ပါတယ်။

CEO teases Huawei Mate 50 series: exclusive XMAGE system, satellite connectivity

ပထမ တစ်ခုက XMAGE Imaing စနစ် ဖြစ်ပြီး ကုမ္ပဏီက ဈေးကွက်ထဲက အကောင်းဆုံး ကင်မရာ ဖုန်း ဖြစ်ဖို့ ရည်မှန်းထားပါတယ်။ XMAGE စနစ်ဟာ Snapdragon ISP အစား HiSilicon က တည်ဆောက်ထားတဲ့ Custom NPU အပေါ် အခြေပြုထားပါတယ်။

နောက်တစ်ခုက အရေးပေါ် Message တွေ ပေးပို့နိုင်မယ့် ဂြိုလ်တု ဆက်သွယ်ရေး ဖြစ်ပါတယ်။ နောက်ဆုံးတစ်ခုက Huawei Mate 50 Series မှာ HarmonyOS 3 ပါလာမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားစရာ လုပ်ဆောင်ချက်က ဘက်ထရီ ကုန်သွားရင်တောင် တချို့ လုပ်ဆောင်ချက်တွေကို အသုံးပြုနိုင်မှာပါ။ ဥပမာအနေနဲ့ ဘက်ထရီ ကုန်သွားရင်တောင် မိုဘိုင်း ငွေပေးချေစနစ်ကို သုံးနိုင်ဖို့ NFC က အလုပ်လုပ်နေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘက်ထရီ ကုန်သွားရင်တောင် ဖုန်း ပြောနိုင်ဦးမယ်လို့ သိရပါတယ်။

Huawei ဟာ Mate 50 Series ကို စက်တင်ဘာလ ၆ ရက်နေ့ Autumn Product Launch Conference မှာ ကြေညာမှာ ဖြစ်ပါတယ်။

Ref : gsmarena