Asus က Screen ၂ ခုပါတဲ့ လက်ပ်တော့တွေကို တီထွင်ဆန်းသစ်ကာ ထုတ်လုပ်ရောင်းချနေပါတယ်။ အခုလည်း CES 2024 မှာ Screen ၂ ခုပါတဲ့ Zenbook Duo 2024 Version ကို ကြေညာလိုက်ပါတယ်။ အဲဒီ မော်ဒယ်မှာ ၁၄ လက်မ Screen ၂ ခု တပ်ဆင်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၁၆၉၉.၉၉ စတာလင်ပေါင် သတ်မှတ်ထားပါတယ်။

ASUS ZenBook Duo 2024

Zenbook Duo မှာ 1920×1200 Resolution 60Hz OLED တပ်ဆင်ထားပြီး ပိုမြင့်တဲ့ 2880×1800 120Hz Version ကိုလည်း ထုတ်လုပ်ထားပါတယ်။ 500 Nits Brightness ကို ထောက်ပံ့ပေးပါတယ်။

ASUS ZenBook Duo 2024

စွမ်းဆောင်ရည်အပိုင်းမှာ Intel Core Ultra 9 185H Processor , 32GB LPDDR5x RAM နဲ့ 2TB Storage ထည့်သွင်းထားပါတယ်။ Harman Kardon စပီကာတွေ ပါလာပြီး Dual-screen Mode မှာ ဗီဒီယိုတွေ ၁၀ နာရီခွဲ ကြည့်နိုင်တဲ့ 75Wh Battery တပ်ဆင်ထားပါတယ်။

ASUS ZenBook Duo 2024

Dual Screen , Laptop , Desktop နဲ့ Presentation တို့လို Mode မျိုးစုံကို လိုအပ်သလို အသုံးပြုနိုင်ပါတယ်။ Full-size ErgoSense Keyboard နဲ့ Touchpad ကို ဖြုတ်တပ်နိုင်တဲ့အတွက် အလုပ်လုပ်ရင် အလွန် အသုံးဝင်ပါတယ်။

ပန်းချီနဲ့ ဒီဇိုင်းဆွဲသူများအတွက် Zenbook Duo ကို 4096 Pressure Level ထောက်ပံ့တဲ့ ဒစ်ဂျစ်တယ်ဘောပင်နဲ့ တွဲဖက် သုံးနိုင်ပါတယ်။ AI နည်းပညာနဲ့ လက်ပ်တော့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပြီး Loading Times ကို လျှင်မြန်စေပါတယ်။ ကြံ့ခိုင်မာကျောမှု အပိုင်းမှာ အမေရိကန် စစ်တပ် စံနှုန်း ရှိပါတယ်။

Zenbook Duo (2024) ကို အမေရိကန်မှာ ၁,၄၉၉ ဒေါ်လာနဲ့ ဗြိတိန်မှာ ၁,၆၉၉.၉၉ စတာလင်ပေါင် သတ်မှတ်ထားပါတယ်။

Ref : gizmochina