Google Pixel 5 စမတ်ဖုန်းဟာ Google ရဲ့ Flagship စမတ်ဖုန်းဖြစ်ပေမယ့် ယခင် Pixel Series စမတ်ဖုန်းတွေလိုမျိုး Qualcomm Flagship Chipset တွေအစား Mid Range Chipset တစ်ခုဖြစ်တဲ့ Snapdragon 765G ကိုပဲ အသုံးပြုထားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် မနှစ်တုန်းက Pixel 4 လိုမျိုးဖုန်းနဲ့ ယှဥ်ရင်လည်း စျေးပိုသက်သာပြီး ရောင်းချနေတာဖြစ်ပါတယ်။

ဒီလိုမျိုး Performance ပိုင်းမှာ အားနည်းသွားတယ်ဆိုပေမယ့်လည်း Google ဟာ Pixel 5 မှာ 90Hz Full HD+ Punch-hole OLED Display ၊ Dual 12 MP Camera Setup ကိုမှ Ultrawide Sensor အပြင် Battery ပိုင်းမှာလည်း 4080mAh Battery တွေကို ထည့်သွင်းထားခဲ့ပြီးတော့ တော်တော်လေးကို ယခင်တုန်းက အားနည်းချက်တွေကို ဖြေရှင်းလာခဲ့တာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Pixel 5 စမတ်ဖုန်းဟာ Pixel ဖုန်းတွေထဲမှာ ပထမဆုံးအနေနဲ့ Reverse Wireless Charging ကို Support ပြုလုပ်လာခဲ့တာလည်းဖြစ်ပါတယ်။

အခုလည်း Google ကနေ Pixel 5 စမတ်ဖုန်းကို USB-C Port ကနေတစ်ဆင့်အားသွင်းလိုက်တာနဲ့ Reverse Wireless Charging Feature ကို အလိုအလျောက် Enable ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Pixel 5 ကို အားသွင်းနေရင်းနဲ့ တခြားသော Wireless Earbuds တွေကိုလည်း Wireless Charger တစ်ခုအနေနဲ့ ပြန်လည်အားသွင်းပေးနိုင်မှာပါ။

Google ကတော့ တကယ်လို့ Pixel 5 ကို USB-C Port ကနေ အားသွင်းပြီး အချိန်တစ်ခုကြာတဲ့အထိ Reverse Wireless Charging ကို အသုံးမပြုနေဘူးဆိုရင် အဆိုပါ Battery Share Feature ကို ပြန်လည် ပိတ်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲ့ဒီအတွက် Reverse Wireless Charging ကို အမြဲတမ်းဖွင့်ထားမှာတော့ မဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး Feature တွေဟာ တခြားသော Earbuds နဲ့ Wireless Charging ရရှိတဲ့ Accessories တွေကို အလွယ်တကူပြန်လည်အားသွင်းဖို့အတွက် ပိုပြီးလွယ်ကူသွားမှာပါ။

Ref – 9to5Google