ဉာဏ်ရည်တု နည်းပညာ ကုမ္ပဏီ OpenAI ရဲ့ နာမည်ကျော် ChatGPT ဟာ အပတ်စဉ် သုံးစွဲသူ သန်း ၉၀၀ ကျော်အထိ စံချိန်တင် မြင့်တက်လာပါတယ် (စက်တင်ဘာလမှာ သန်း ၇၀၀ ရှိခဲ့တာပါ)။

ဒါ့အပြင် အခကြေးငွေပေး သုံးစွဲသူ အရေအတွက်ကလည်း သန်း ၅၀ ကျော်သွားပြီ ဖြစ်ပြီး လက်ရှိမှာ OpenAI ကုမ္ပဏီရဲ့ တန်ဖိုးဟာ ဈေးကွက်ထဲမှာ ဒေါ်လာ ဘီလီယံ ၇၃၀ အထိ ရှိလာပြီလို့ သိရပါတယ်။

Meet ChatGPT: The AI Language Model Revolutionizing the Way We Communicate

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလက အသုံးပြုသူ သန်း ၄၀၀ ပဲ ရှိခဲ့ရာကနေ အခုဆိုရင် နှစ်ဆကျော် တက်လာတာပါ။ စီးပွားရေး လုပ်ငန်းသုံး အကောင့်တွေ ဆိုရင်လည်း ၉ သန်း ရှိလာပြီး စက်တင်ဘာလကထက် ၄ ဆလောက်ကို တက်လာတာ ဖြစ်ပါတယ်။ ပြိုင်ဘက် Anthropic ရဲ့ Claude ကလည်း အခမဲ့ သုံးစွဲသူ ၆၀ ရာခိုင်နှုန်း တိုးလာတယ်လို့ ဆိုပေမယ့် ကိန်းဂဏန်း အတိအကျ ထုတ်မပြနိုင်သေးပါဘူး။

ChatGPT ရဲ့ ဒီလို အရှိန်အဟုန်နဲ့ ကြီးထွားလာမှုဟာ ကမ္ဘာ့ ဒီဂျစ်တယ် လောကမှာ AI နည်းပညာ ဘယ်လောက်အထိ ထိုးဖောက် ဝင်ရောက်နေပြီလဲ ဆိုတာကို ပြသနေပြီး Google ရဲ့ Gemini နဲ့ Anthropic ရဲ့ Claude တို့ကို အပြတ်အသတ် ကျော်တက်သွားခဲ့ပါတယ်။

ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာလည်း အပြောင်းအလဲတချို့ ရှိခဲ့ပါတယ်။ အစောပိုင်းက ဒေါ်လာ ဘီလီယံ ၁၀၀ ရင်းနှီးမြှုပ်နှံမယ်လို့ သတင်းထွက်ခဲ့တဲ့ Nvidia ဟာ အခုအခါမှာ ဒေါ်လာ ဘီလီယံ ၃၀ သာ ထည့်ဝင်တော့မှာ ဖြစ်ပါတယ်။

ChatGPT: Everything You Need to Know About OpenAI's Buzzy Chatbot - Business Insider

ဒါပေမယ့် SoftBank က ဒေါ်လာ ဘီလီယံ ၃၀ နဲ့ Amazon က ဒေါ်လာ ဘီလီယံ ၅၀ အသီးသီး ရင်းနှီးမြှုပ်နှံသွားကြမှာ ဖြစ်တယ်လို့ OpenAI က ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ChatGPT ဟာ ကြော်ငြာတွေ ပါဝင်မယ့် တစ်လ ၈ ဒေါ်လာတန် Go အစီအစဉ်သစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီကိစ္စကို ပြိုင်ဘက် Anthropic က Super Bowl ကြော်ငြာမှာ သူတို့အနေနဲ့ အဲဒီလို လုပ်မှာမဟုတ်ဘူးလို့ လှောင်ပြောင် သရော်ခဲ့ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် AI နည်းပညာရဲ့ အံ့မခန်း တိုးတက်လာမှုတွေက လူတွေအတွက် စိတ်လှုပ်ရှားစရာ ဖြစ်စေပေမယ့် အခြားတစ်ဖက်မှာလည်း တာဝန်သိသိ အသုံးပြုရေးနဲ့ AI တွေရဲ့ ယုတ္တိမတန်တဲ့ အမှားအယွင်း (Hallucinations) ပြဿနာတွေ အပေါ် ငြင်းခုံ ဆွေးနွေးမှုတွေလည်း ပိုများလာစေပါတယ်။

Ref: cnet