ChatGPT ကို အပတ်စဉ် သုံးစွဲသူဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကနေ အခုလက်ရှိ အချိန်အထိ ၂ ဆ တိုးတက်လာပါတယ်။ AI ဟာ ပြီးခဲ့တဲ့နှစ်အတွင်း အလွန် ရေပန်းစားလာပြီး ChatGPT ဟာ နာမည်အကြီးဆုံး Generative AI Chatbot ဖြစ်လာပါတယ်။
OpenAI ရဲ့ ChatGPT ကို အပတ်စဉ် သုံးစွဲသူဟာ သန်း ၂၀၀ ရှိလာပြီ ဖြစ်ပြီး ၂၀၂၃ ခုနှစ်ရဲ့ သန်း ၁၀၀ ထက် ပိုများလာပါတယ်။ OpenAI က Fortune 500 Companies တွေရဲ့ ၉၂ ရာခိုင်နှုန်းဟာ ChatGPT ကို အသုံးပြုကြတယ်လို့ ပြောပါတယ်။ Automated API ကို သုံးစွဲမှုဟာ ပြီးခဲ့တဲ့လက GPT-4o Mini ကို ဖြန့်ချိပြီးနောက်မှာ ၂ ဆ မြင့်မားခဲ့ပါတယ်။
OpenAI CEO Sam Altman က ဒီကိစ္စနဲ့ ပတ်သက်ပြီး “ လူတွေဟာ နေ့စဉ်လူနေမှုဘဝ တစ်စိတ်တစ်ပိုင်း အဖြစ် ကျွန်တော်တို့ရဲ့ Tools တွေကို အသုံးပြုနေကြပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာရေးလို ဧရိယာတွေမှာ တကယ်ကို တိုးတက်ပြောင်းလဲစေပါတယ်။
AI ဟာ နေ့စဉ် အလုပ်တွေကို ကူညီပေးနိုင်ပြီး ခက်ခဲတဲ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ တီထွင်ဆန်းသစ်မှုတွေကို AI က လုပ်ဆောင်ပေးနိုင်ပါတယ်။ “ လို့ ပြောပါတယ်။
Ref: gsmarena