OpenAI က ChatGPT မှာ Adobe Photoshop, Acrobat နဲ့ Adobe Express တို့ကို သုံးလို့ရအောင်လုပ်ပေးလိုက်ပါတယ်။ chat window ကနေ ထွက်စရာမလိုဘဲ ဓာတ်ပုံပြင်တာ၊ PDF ပြင်တာ ဒါမှမဟုတ် ဂရပ်ဖစ်တွေ အမြန်ဖန်တီးတာတွေ လုပ်နိုင်ပါတယ်။

Adobe အကောင့်ရှိသူ ဘယ်သူမဆို OpenAI ဝက်ဘ်ဆိုက်ကနေ ဝင်ရောက်ပြီး အဲဒီ tools တွေကို ချက်ချင်း စသုံးနိုင်ပါတယ်။

 

**Adobe tools တွေကို ဖွင့်ဖို့/ချိတ်ဆက်ဖို့ အဆင့်များ**

 

  1. Web, Desktop သို့မဟုတ် Mobile မှာ ChatGPT ကို ဖွင့်ပါ။
  2. Settings > Apps & Connectors ကို သွားပါ။
  3. Adobe Photoshop, Adobe Express နဲ့ Adobe Acrobat ကို ရှာပါ။
  4. Connect ကို နှိပ်ပြီး လိုအပ်ရင် Adobe အကောင့်နဲ့ ဝင်ပါ။

 

ချိတ်ဆက်ပြီးတာနဲ့ အဲဒီ tools တွေက သင့်ရဲ့ chat တွေထဲမှာ ရှိနေမှာပါ။ Prompts တွေမှာ နာမည်တပ်ပြီး ခေါ်သုံးနိုင်သလို အပေါင်းလက္ခဏာ menu ကနေလည်း ရွေးချယ်သုံးနိုင်ပါတယ်။

အံ့သြစရာအကောင်းဆုံး ကတော့ Photoshop ရဲ့ ချက်ချင်း interface ဖန်တီးပေးမှုပါပဲ။ ပုံကို လင်းအောင်လုပ်ပေးဖို့ ChatGPT ကို ခိုင်းလိုက်ရင် exposure, shadows နဲ့ highlights တွေအတွက် slider တွေ ပေါ်လာပါလိမ့်မယ်။ ပုံစံတစ်မျိုး ပြောင်းပေးဖို့ ခိုင်းရင် grain, tone ဒါမှမဟုတ် dithering အတွက် ရွေးချယ်စရာတွေ ရလာနိုင်ပါတယ်။ ဒါတွေက ပုံစံတူလုပ်ထားတာတွေ မဟုတ်ပါဘူး – ChatGPT က Adobe ရဲ့ MCP backend ကနေတစ်ဆင့် တကယ့် Photoshop လုပ်ဆောင်ချက်တွေကို ခေါ်ယူအသုံးပြုနေတာ ဖြစ်ပါတယ်။

Adobe ရဲ့ Developer Platform ဒုတိယဥက္ကဋ္ဌ Aubrey Cattell က ဒါကို ဥပမာကောင်းတစ်ခုနဲ့ ရှင်းပြထားပါတယ်။ Adobe က MCP ကနေတစ်ဆင့် LEGO အတုံးတွေနဲ့ ညွှန်ကြားချက်တွေ ပေးပြီး၊ ChatGPT ကတော့ သင်ခိုင်းတဲ့အပေါ် မူတည်ပြီး ဘယ်အစိပ်အပိုင်းတွေကို တွဲဆက်ရမလဲဆိုတာ စဉ်းစားပါတယ်။ Large language model တွေက တစ်ခါတလေ ရည်ရွယ်ချက်ကို လွဲမှားပြီး ကောက်ယူတတ်တာကြောင့် ဒီ UI အစိတ်အပိုင်းတွေ ဖန်တီးပုံကို အလိုအလျောက် သဘာဝကျကျ ဖြစ်စေဖို့ ညှိနှိုင်းနေဆဲဖြစ်ကြောင်း Adobe က ပြောပါတယ်။

အဆင့်မြင့် tools တွေ၊ တိကျတဲ့ brushwork တွေ ဒါမှမဟုတ် ရှုပ်ထွေးတဲ့ layout တွေ လိုအပ်ရင်တော့ Photoshop, Acrobat သို့မဟုတ် Express ရဲ့ web version အပြည့်အစုံကို သွားသုံးနိုင်ပါတယ်။ ဒါပေမယ့် အမြန်ပြုပြင်တာတွေ၊ အသေးစား ဖန်တီးမှုတွေအတွက်တော့ ChatGPT ထဲမှာ ဒီစွမ်းဆောင်ရည်တွေ တိုက်ရိုက်သုံးနိုင်ပါတယ်။

ဒါပေမယ့် ဒီ feature က beta အဆင့်မှာပဲ ရှိသေးပြီး လိုအပ်ချက်တချို့ ရှိနေနိုင်သေးတယ်ဆိုတာ သတိပြုသင့်ပါတယ်။ ကိုယ်တိုင် စမ်းသပ်ကြည့်ရာမှာ Photoshop action တွေက ChatGPT ထဲမှာ အလုပ်လုပ်ပေမယ့် (“Adobe Photoshop, help me blur the background of this image” ဆိုတဲ့ prompt သုံးပြီး) ပြင်ပြီးသား ပုံတွေက တကယ်တမ်း ပေါ်မလာခဲ့ပါဘူး။

ဒီပြဿနာတွေကို ဖြေရှင်းပြီးသွားရင်တော့ ChatGPT ဟာ မေးခွန်းဖြေတာ၊ ပုံထုတ်ပေးတာလောက်ပဲ မဟုတ်တော့ပါဘူး – လူထုအတွက် တကယ့် professional creative software နယ်ပယ်ထဲ ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။

Ref : gizmochina