တရုတ်နိုင်ငံက “လေကြောင်းအခြေစိုက် မောင်းသူမဲ့လေယာဉ်တင်” (airborne UAV carrier) လို့ ခေါ်တဲ့ ဝန်အကြီးစားသယ်ဆောင်နိုင်တဲ့ Jetank ဒရုန်းကို ပထမဆုံးအကြိမ် အောင်မြင်စွာ ပျံသန်းနိုင်ခဲ့ပါတယ်။

China Unveils World's Largest UAV Mothership, Jiutian; IAF Veteran Calls  Jetank A “Juicy Target” For Missiles

တရုတ်နိုင်ငံရဲ့ ဒရုန်းအုပ်စုလိုက် သယ်ဆောင်နိုင်တဲ့ မိခင်ယာဉ်ကြီး (drone swarm mothership) လို့ လူသိများတဲ့ အဲဒီ မောင်းသူမဲ့ လေယာဉ်ဟာ Shaanxi Province မှာ ပျံတက်ခဲ့တာဖြစ်တယ်လို့ အစိုးရပိုင် မီဒီယာတွေက ဖော်ပြပါတယ်။ အဲဒီ ဒရုန်းကို Aviation Industry Corporation of China (AVIC) က တီထွင်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

China has successfully flown its Jetank drone, a heavy-lift “airborne UAV  carrier,” for the first time. Known as China's drone swarm mothership, the  UAV took off in Shaanxi Province, according to state

Jetank မှာ ဝန်အကြီးစားတွေ သယ်ဆောင်ဖို့၊ အမြန်နှုန်း အမျိုးမျိုးနဲ့ မောင်းနှင်ဖို့နဲ့ ပြေးလမ်းတိုတွေကနေ အတက်အဆင်း ပြုလုပ်နိုင်ဖို့အတွက် ခေတ်မီ နည်းပညာတွေကို အသုံးပြုထားပါတယ်။ အဲဒီ ဒရုန်းဟာ အလျား ၁၆.၃၅ မီတာ ရှည်လျားပြီး တောင်ပံအကျယ် ၂၅ မီတာ ရှိသလို အမြင့်ဆုံး ပျံတက်နိုင်တဲ့ အလေးချိန်ကတော့ ၁၆ တန် ဖြစ်ပါတယ်။

ကုန်ပစ္စည်း ၆ တန်အထိ သယ်ဆောင်နိုင်ပြီး ၁၂ နာရီကြာ ပျံသန်းနိုင်သလို ခရီးအကွာအဝေး ၇,၀၀၀ ကီလိုမီတာလောက်အထိ ရောက်ရှိနိုင်တာကြောင့် သူ့အမျိုးအစားထဲမှာ အကြီးဆုံး မောင်းသူမဲ့ လေယာဉ်တွေထဲက တစ်စင်း ဖြစ်ပါတယ်။

ဘယ်အချိန်မှာ စတင် တာဝန်ထမ်းဆောင်မယ် ဆိုတာကိုတော့ သတင်းမထုတ်ပြန်သေးပါဘူး။ ဒါပေမဲ့ အစိုးရပိုင် မီဒီယာတွေကတော့ အခုလို ပထမဆုံးအကြိမ် ပျံသန်းနိုင်မှုဟာ တရုတ်နိုင်ငံရဲ့ မောင်းသူမဲ့လေယာဉ် ဖွံ့ဖြိုးတိုးတက်မှုမှာ အဓိက အောင်မြင်မှုကြီး တစ်ရပ်လို့ ဖော်ပြထားကြပါတယ်။

Ref : Technology Innovation