တရုတ်က မြန်နှုန်းမြင့် Maglev ရထားကို အောင်မြင်စွာ စမ်းသပ် မောင်းနှင်လိုက်ပြီး ၁ နာရီကို ၆၂၁ မိုင် (၁,၀၀၀ ကီလိုမီတာ) အမြန်နှုန်းနဲ့ မောင်းနှင်နိုင်ပါတယ်။ Maglev ရထားဆိုတာ သံလိုက် အကူအညီနဲ့ ရထားလမ်းအထက်ကနေ ရှပ်ပြေးမောင်းနှင်တဲ့ ရထား ဖြစ်ပါတယ်။

China's Maglev Breakthrough: Paving the Way for the Future of High-Speed Travel | by Abdel Qasim | Medium

ရှန်ရှီး ပြည်နယ်မှာ စမ်းသပ်မောင်းနှင်ခဲ့တာ ဖြစ်ပြီး ၂ ကီလိုမီတာ ရှည်တဲ့ ပိုက်လိုင်းထဲမှာ ရထားကို စမ်းသပ်မောင်းနှင်ခဲ့တာ ဖြစ်ပါတယ်။

China debuts world's fastest train | CNN

စမ်းသပ်မှုမှာ ရထားဟာ Navigation စနစ်ကို ထိန်းချုပ်နိုင်ပြီး Suspension ကို တည်ငြိမ်အောင် လုပ်ဆောင်နိုင်ပါတယ်။ ရထား ရပ်တန့်တဲ့အချိန်မှာ ဘေးကင်းလုံခြုံစေပြီး အကွေ့လမ်းမှာတောင် အဆင်ပြေပါတယ်။ ရထားဟာ အမြင့်ဆုံး အမြန်နှုန်းကို ထိန်းသိမ်းထားနိုင်တာကို တွေ့ရပါတယ်။

ရထားရဲ့ စနစ်အားလုံးဟာ မျှော်မှန်းထားသလို အလုပ်လုပ်ပြီး ရထားရဲ့ ရွေ့လျားမှုဟာ သီအိုရီနဲ့ကိုက်ညီပါတယ်။ အဲဒီ ရထားက တရုတ်ရဲ့ ခေတ်မီ ရထားနည်းပညာဟာ ကမ္ဘာ့ ထိပ်တန်း အဆင့်ကို ရောက်နေပြီဆိုတာကို ပြသနေပါတယ်။

Ref : Facebook