တရုတ်က အင်ဂျင်နီယာတွေဟာ ကမ္ဘာကြီးရဲ့ ဘယ်နေရာကို မဆို ခရီးသည်တွေကို ၁ နာရီအတွင်း ပို့ဆောင်ပေးနိုင်မယ့် အသံထက် မြန်တဲ့ လေယာဉ် ၁ စီးကို ဖန်တီးနေကြပါတယ်။ သုတေသန အဖွဲ့က အသံထက်မြန်တဲ့ အင်ဂျင် နမူနာမော်ဒယ်ကို စမ်းသပ်ခဲ့ကြပြီးပါပြီ။ အဲဒီ အင်ဂျင်ဟာ ၄၅ မီတာရှည်တဲ့ လေယာဉ်ကို အရမ်းမြန်တဲ့ နှုန်းနဲ့ မောင်းနှင်ပေးနိုင်ပြီး ခရီးသည် ၁၀ ယောက်အထိ လိုက်ပါစီးနင်းနိုင်မှာ ဖြစ်ပါတယ်။

Credit: Beijing Institute of Technology

နန်ဂျင်း တက္ကသိုလ်မှ ပါမောက္ခ Tan Huijun နဲ့ ပညာရှင် အဖွဲ့က အဲဒီ အင်ဂျင် ဒီဇိုင်းကို ဖန်တီးထားကြတာဖြစ်ပြီး Wind Tunnel ထဲမှာ စမ်းသပ်ပြီးပြီလို့ South China Morning Post က ရေးသားထားပါတယ်။ လေယာဉ်ဟာ အသံထက် ၅ ဆ မြန်တဲ့ နှုန်းနဲ့ ပျံသန်းနိုင်ပြီး NASA ရဲ့ အသံထက်မြန်တဲ့ လေယာဉ် စီမံကိန်းက ယခင် အကြီးအကဲ အင်ဂျင်နီယာ ဖြစ်သူ Ming Han Tang ရဲ့ ၁၉၉၀ ခုနှစ်က အိုင်ဒီယာကို အခြေပြု တည်ဆောက်ထားတာ ဖြစ်ပါတယ်။

China Is Building A Hypersonic Plane That Can Take Passengers Anywhere In World In One Hour

The Two Stage Vehicle (TSV) X လေယာဉ်ရဲ့ ဘေးတစ်ဖက်တစ်ချက်မှာ အင်ဂျင် ၁ လုံးစီ တပ်ဆင်ထားပြီး အဲဒီ ဒီဇိုင်းကြောင့် လေယာဉ်ဟာ အရမ်းမြန်တဲ့ နှုန်းနဲ့ ပျံသန်းနိုင်တာ ဖြစ်ပါတယ်။ အဲဒီလို ဒီဇိုင်းမျိုးကို Boeing က ဖန်တီးခဲ့ဖူးပြီး ကုန်ကျစားရိတ် အရမ်းများကာ နည်းပညာ ပြဿနာတွေ ရှိတာကြောင့် ရပ်နားခဲ့ပါတယ်။

တရုတ်ဟာ ၂၀၃၅ ခုနှစ်မှာ ခရီးသည်တင်လေယာဉ်တွေ ပိုင်ဆိုင်ဖို့နဲ့ ၂၀၄၅ ခုနှစ်မှာ ခရီးသည် ၁၀၀ တင်ဆောင်နိုင်ဖို့ ရည်မှန်းထားပါတယ်။

အသံထက် မြန်တဲ့ လေယာဉ်တွေကို တခြားနိုင်ငံတွေကလည်း ဖန်တီးနေကြပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လမှာ အမေရိကန် လေတပ်က အသံထက် ၅ ဆမြန်တဲ့ လေယာဉ်ကို လာမယ့် ၃ နှစ်အတွင်း တည်ဆောက်ပေးဖို့ Hermeus ကုမ္ပဏီနဲ့ ဒေါ်လာ သန်း ၆၀ တန် သဘောတူ စာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။

Ref : ladbible