တရုတ် က  Hebei Province ၊ Sunan County မှာ ကမ္ဘာ့ပထမဆုံး 10G broadband ကွန်ရက်ကို စတင်လွှင့်တင်လိုက်ပါတယ်။ အဲဒီ ကွန်ရက်ကို Huawei နဲ့ China Unicom တို့က ပူးပေါင်းတည်ဆောက်ထားတာ ဖြစ်ပါတယ်။

Huawei & China Unicom Launch China's First 10G Broadband Network In Hebei

50G PON နည်းပညာကို အသုံးပြုထားတဲ့အတွက် download speed ဟာ 9,834 Mbps အထိ ရရှိနိုင်ပြီး upload speed ကတော့ 1,008 Mbps ရှိပါတယ်။ Latency (တုံ့ပြန်မှုကြာချိန်) အနေနဲ့ 3 milliseconds အထိ နည်းပါးသွားပါတယ်။

China switches on the world's first 10G broadband network | Bhaskar English

ဒီကွန်ရက်ဟာ cloud computing ၊ VR နဲ့ AR ၊ 8K streaming နဲ့ smart home နည်းပညာတွေအတွက် ဒေတာပေးပို့မှုကို ပိုမိုကောင်းမွန်စေမှာပါ။

သိသာထင်ရှားတဲ့ ဥပမာတစ်ခု ပြောရမယ်ဆိုရင် 20 GB ပမာဏရှိတဲ့ 4K ရုပ်ရှင်တစ်ကားကို 1 Gbps အင်တာနက်လိုင်းနဲ့ ဒေါင်းလုဒ်ဆွဲမယ်ဆိုရင် ၇ မိနစ်ကနေ ၁၀ မိနစ်လောက် ကြာမြင့်တတ်ပါတယ်။ ဒါပေမဲ့ အခုမိတ်ဆက်လိုက်တဲ့ ကွန်ရက်နဲ့ဆိုရင်တော့ စက္ကန့် ၂၀ အောက်ပဲ ကြာတော့မှာ ဖြစ်ပါတယ်။

ဒီလိုဖြန့်ချိလိုက်တဲ့အတွက် တရုတ်ဟာ UAE နဲ့ Qatar တို့လို နိုင်ငံတွေထက် နည်းပညာပိုင်းမှာ ရှေ့ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီကွန်ရက်ကြောင့် ကျန်းမာရေး၊ ပညာရေးနဲ့ စိုက်ပျိုးရေးကဏ္ဍတွေ ပိုမိုတိုးတက်လာမယ်လို့ မျှော်လင့်ရပါတယ်။

Ref : Fossbytes