ဩစတေးလျ မဟာဗျူဟာမြောက် မူဝါဒရေးရာဌာန (ASPI) က နည်းပညာ ၇၄ မျိုးကို လေ့လာဆန်းစစ်ခဲ့ရာမှာ တရုတ်နိုင်ငံက အရေးကြီးတဲ့ နည်းပညာတွေရဲ့ ၉၀ ရာခိုင်နှုန်းမှာ သုတေသနပိုင်းကို ဦးဆောင်နေပြီး အမေရိကန်ကတော့ ကျန်တဲ့အပိုင်းတွေမှာ ထိပ်ဆုံးက ရှိနေပါတယ်။

China leads US in global competition for key emerging technology, study  says | Reuters

ဒါဟာ အမေရိကန်က နည်းပညာ ၉၀ ရာခိုင်နှုန်းကျော်ကို ဦးဆောင်ပြီး တရုတ်က ၅ ရာခိုင်နှုန်းအောက်မှာပဲ ရှိခဲ့တဲ့ ရာစုနှစ်အစပိုင်း အခြေအနေနဲ့စာရင် အကြီးအကျယ် ပြောင်းလဲသွားတာ ဖြစ်ပါတယ်။

China leads tech race, ASPI tech tracker shows | The Australian

နျူကလီးယားစွမ်းအင်၊ ဇီဝနည်းပညာနဲ့ ဂြိုဟ်တုအသေးစားလေးတွေ အပါအဝင် နည်းပညာ ၆၆ မျိုးရဲ့ သုတေသနပိုင်းမှာ တရုတ်က နံပါတ်တစ် နေရာကို ရထားပါတယ်။ အမေရိကန်ကတော့ ကွမ်တမ်ကွန်ပျူတာနဲ့ ဂျီယိုအင်ဂျင်နီယာ နည်းပညာတွေ အပါအဝင် ကျန်တဲ့ ၈ မျိုးမှာ ထိပ်ဆုံးက ရှိနေပါတယ်။

အဲဒီဆန်းစစ်ချက်ကို ကမ္ဘာတစ်ဝန်းက စာတမ်းပေါင်း ၉ သန်းကို အခြေခံပြီး ပြုလုပ်ခဲ့တာဖြစ်ပြီး နိုင်ငံအလိုက် ကမ္ဘာ့အဆင့် ရထားတဲ့ အချိုးအစားကို တွက်ချက်ဖို့အတွက် ၂၀၂၀ နဲ့ ၂၀၂၄ ခုနှစ်ကြားမှာ ကိုးကားဖော်ပြမှု အများဆုံးဖြစ်တဲ့ ထိပ်တန်းစာတမ်း ၁၀ ရာခိုင်နှုန်းကို ရွေးထုတ်ပြီး လေ့လာခဲ့တာ ဖြစ်ပါတယ်။

Ref : Fossbytes