SpaceX ရဲ့ Starlink လို အင်တာနက် ဂြိုဟ်တုအုပ်စုတွေ အလျင်အမြန် တိုးချဲ့လာတာဟာ “သိသာထင်ရှားတဲ့ ဘေးကင်းရေးနဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေ” ကို ဖြစ်ပေါ်စေတယ်လို့ တရုတ် က သတိပေးလိုက်ပါတယ်။

SpaceX aims to build a constellation of more than 42,000 satellites when the Starlink network is complete. Photo: Reuters

ရုရှား ဦးဆောင်ကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အလွတ်သဘောပွဲတစ်ခုမှာ ဘေဂျင်း ကိုယ်စားလှယ်က ၂၀၂၁ ခုနှစ်အတွင်း Starlink ဂြိုဟ်တုတွေနဲ့ တရုတ်အာကာသစခန်းတို့ တိုက်မိလုနီးပါးဖြစ်ခဲ့တာနဲ့ ဒီဇင်ဘာလက ဂြိုဟ်တုပျက်စီးမှု အပါအဝင် ဖြစ်ရပ်တွေကို ထောက်ပြပြောဆိုခဲ့ပါတယ်။

Elon Musk's fleet of low-orbiting Starlink satellites dot space, leave astronomers upset | South China Morning Post

ဒါ့အပြင် “ကမ္ဘာ့ပတ်လမ်းနိမ့် ဂြိုဟ်တုအုပ်စုတချို့” ဟာ နိုင်ငံတွေရဲ့ လေပိုင်နက်နဲ့ ဥပဒေတွေကို လစ်လျူရှုပြီး စစ်ရေးထောက်လှမ်းမှုတွေမှာ အသုံးပြုနေသလို အကြမ်းဖက်သမားတွေနဲ့ ခွဲထွက်ရေးအုပ်စုတွေကလည်း အသုံးပြုနေကြတယ်လို့ ကိုယ်စားလှယ်က ဆိုပါတယ်။

Starlink ဘက်ကလည်း သူတို့ဂြိုဟ်တုတစ်ခုနဲ့ တရုတ်ဂြိုဟ်တုအသစ်တစ်ခု တိုက်မိလုနီးပါးဖြစ်ခဲ့တယ်လို့ ပြောဆိုထားပြီး တရုတ်ဘက်က ညှိနှိုင်းဆောင်ရွက်မှု မရှိဘူးလို့ စွပ်စွဲထားချိန်မှာ အခုလို ပြောကြားချက် ထွက်ပေါ်လာတာပါ။ စီးပွားဖြစ် အာကာသလုပ်ငန်းတွေ တိုးချဲ့လာတာနဲ့အမျှ စည်းမျဉ်းစည်းကမ်းတွေ သေချာမရှိဘဲ ဂြိုဟ်တုတွေ အဆမတန် များပြားလာတာဟာ လုံခြုံရေး အန္တရာယ်ဖြစ်စေတယ်လို့ ဘေဂျင်း က သတိပေးထားပါတယ်။

Ref: South China Morning Post