တရုတ်ဟာ ၂၀၃၀ ခုနှစ်မှာ လကို အာကာသယာဉ်မှူးတွေ ပို့ဆောင်ဖို့ စီစဉ်ထားပြီး အခုတော့ လပေါ်မှာ အာကာသယာဉ်မှူးတွေ ဝတ်ဆင်နိုင်မယ့် အထူးပြုလုပ်ထားတဲ့ နည်းပညာမြင့် အာကာသဝတ်စုံကို ပြသလိုက်ပါတယ်။

China is ready with lunar spacesuit in latest step towards 2030 moon  landing | South China Morning Post

China Manned Space Agency (CMSA) က အာကာသဝတ်စုံကို ပြသလိုက်တာ ဖြစ်ပြီး အနီနဲ့ အဖြူရောင် ပေါင်းစပ် အသုံးပြုထားပါတယ်။  လ ရဲ့ ကြမ်းတမ်းတဲ့ အပူချိန်၊ ရောင်ခြည်နဲ့ ဖုန်မှုန့်တွေကို ခံနိုင်အောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အာကာသယာဉ်မှူးတွေ လပေါ်မှာ ကောင်းမွန်စွာ အလုပ်လုပ်နိုင်အောင် ဝတ်စုံကို ဖန်တီးထားပါတယ်။

China Space Station: Industrial design behind the new space suit - CGTN

အာကာသဝတ်စုံမှာ အနီးနဲ့ အဝေးကြည့် ကင်မရာ တပ်ဆင်ထားပြီး အလင်းတန်းတွေကို ခံနိုင်တဲ့ ခေါင်းဆောင်း ပါလာပါတယ်။ ထိန်းချုပ်ခလုတ်တွေလည်း ထည့်သွင်းထားပါတယ်။ တရုတ် နိုင်ငံပိုင် CCTV က မျှဝေထားတဲ့ ဗီဒီယိုမှာ နာမည်ကြီး တရုတ် အာကာသယာဉ်မှူးတွေ ဖြစ်တဲ့ Zhai Zhigang နဲ့ Wang Yaping တို့ဟာ အာကာသဝတ်စုံကို ဝတ်ဆင်နည်းနဲ့ အသုံးပြုနည်းကို ပြသထားပါတယ်။

တရုတ်ဟာ အာကာသနယ်ပယ်မှာ ထိပ်တန်း နိုင်ငံဖြစ်အောင်ကြိုးစားနေပါတယ်။ တရုတ် အာကာသ အေဂျင်စီဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း လမှာ စူးစမ်းလေ့လာမှုများစွာ ပြုလုပ်ခဲ့ပြီး ဒီနှစ် အစောပိုင်းမှာ လရဲ့ အဝေးဆုံးနေရာမှ Sample တွေကို ယူဆောင်နိုင်ခဲ့ပါတယ်။ တရုတ်ဟာ လပေါ် အာကာသယာဉ်မှူးတွေ ပို့ဆောင်နိုင်တဲ့ ဒုတိယမြောက်နိုင်ငံဖြစ်အောင် ကြိုးစားနေပါတယ်။

Ref : cnn