တရုတ်နိုင်ငံ Shanghai Hongqiao လေဆိပ် မှာရှိတဲ့ Shangri-La Traders Hotel ဟာ Shanghai အခြေစိုက် Keenon Robotics က ထုတ်လုပ်တဲ့ XMAN-R1 ဆိုတဲ့ လူတူစက်ရုပ် ကို အသုံးပြုတဲ့ ကမ္ဘာ့ပထမဆုံး ဟိုတယ် ဖြစ်လာပါတယ်။

အဲဒီဟိုတယ်ဟာ အခုအခါ နေ့စဉ်လုပ်ငန်းဆောင်တာတွေဖြစ်တဲ့ ဧည့်သည် ကြိုဆိုတာ၊ သန့်ရှင်းရေးလုပ်တာ၊ အစားအစာ ပို့ဆောင်တာ နဲ့ ခရီးဆောင်အိတ် သယ်ယူတာတွေကို ကိုင်တွယ်ဖို့ လူတူ စက်ရုပ်တွေနဲ့ အထူးပြု စက်ရုပ်တွေကို ရောနှော အသုံးပြုနေပါတယ်။

Front desk မှာ နေရာယူထားတဲ့ XMAN-R1 ဟာ ဧည့်သည်တွေကို တကယ့်လူလို စကားပြောဆို လှုပ်ရှားမှုတွေနဲ့ နှုတ်ဆက်တာ၊ မေးခွန်းတွေကို ဖြေကြားတာ နဲ့ ကြိုဆိုတဲ့ လက်ဆောင်တွေ ပေးအပ်တာတွေတောင် လုပ်ဆောင်ပါတယ်။
သူ့ကို ကူညီပံ့ပိုးပေးနေတာကတော့ Keenon ရဲ့ သီးသန့်တာဝန်တွေအတွက် စက်ရုပ်တွေဖြစ်တဲ့ − အခန်းတွင်း ပို့ဆောင်မှုအတွက် W3၊ ခရီးဆောင်အိတ်အတွက် S100၊ သန့်ရှင်းရေးအတွက် C40၊ နဲ့ စားသောက်ဆိုင် အစားအစာ ဝန်ဆောင်မှုအတွက် T10/T3 တို့ ဖြစ်ပါတယ်။
Keenon က XMAN-R1 ကို “role-oriented (တာဝန်-အခြေပြု)၊ user-friendly (သုံးစွဲသူ-အဆင်ပြေမှု)၊ နဲ့ safety-first (ဘေးကင်းမှု-ဦးစားပေး)” အဖြစ် ဖော်ပြပြီး၊ နှစ်ပေါင်းများစွာ လက်တွေ့ ဝန်ဆောင်မှု ပေးခဲ့တဲ့ data တွေကို အသုံးပြုပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အဲဒီ project ဟာ နေ့စဉ် ဧည့်သည်ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ AI လူတူစက်ရုပ်တွေကို ပေါင်းစပ်ရာမှာ အဓိက ခြေလှမ်းအသစ်တစ်ခု ဖြစ်လာပါတယ်။