တရုတ်နိုင်ငံရဲ့ နိုင်ငံပိုင် နွေဦးပွဲတော် (Spring Festival Gala) မှာ Unitree G1 လူပုံစံ စက်ရုပ်တွေက တိုက်ရိုက်ရုပ်သံလွှင့်မှုကနေ ဟန်ချက်ညီ ကိုယ်ခံပညာရပ်တွေကို ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။

အဲဒီစက်ရုပ်တွေဟာ လူသားဖျော်ဖြေသူတွေနဲ့ အပြန်အလှန်တိုက်ခိုက်ပြတာတွေ၊ ယာယီစင်မြင့်နံရံကို ပြေးတက်ပြီး ကျွမ်းထိုးတာတွေကို ပြသခဲ့ပါတယ်။

အဲဒီတင်ဆက်မှုက တရုတ်နိုင်ငံရဲ့ လူပုံစံ စက်ရုပ်ကဏ္ဍမှာ သွက်လက်မှုနဲ့ ဟန်ချက်ညီမှု တိုးတက်လာမှုတွေကို မီးမောင်းထိုးပြခဲ့ပါတယ်။
အဲဒီလိုပြသမှုတွေဟာ AI ၊ ဟာ့ဒ်ဝဲ ထောက်ပံ့ရေးကွင်းဆက်တွေနဲ့ ထုတ်လုပ်မှုပမာဏတွေမှာ တရုတ်နိုင်ငံရဲ့ အားသာချက်တွေကို ထင်ဟပ်နေတယ်လို့ လေ့လာဆန်းစစ်သူတွေက ပြောကြားခဲ့ပါတယ်။
အွန်လိုင်းမှာတော့ တုံ့ပြန်မှုတွေ အမျိုးမျိုးရှိခဲ့ပြီး Reddit သုံးစွဲသူတစ်ဦးက “မိုက်တယ်။ ကျွန်တော့်အိမ်ကို သန့်ရှင်းရေးလုပ်ပေးပြီး အဝတ်လျှော်ပေးမယ့် စက်ရုပ်တစ်ရုပ်လောက် ရနိုင်မလား” လို့ မှတ်ချက်ပြုခဲ့ပါတယ်။
Ref : Fossbytes