တရုတ်ကားကုမ္ပဏီ BYD ဟာ လျှပ်စစ်ကား (EV) တွေကို ဓာတ်ဆီဖြည့်သလောက်နီးပါး မြန်ဆန်စွာ အားသွင်းနိုင်တဲ့ 1,500 kW အထိ စွမ်းဆောင်နိုင်တဲ့ စူပါအမြန် Flash Charging စနစ်ကို မိတ်ဆက်လိုက်ပါတယ်။

BYD Just Made EV Charging Basically As Quick As Getting Gas—Again

သူ့ရဲ့ Blade Battery 2.0 နဲ့အတူ အဲဒီစနစ်ကို အသုံးပြုနိုင်တဲ့ ကားတွေဟာ ၁၀ ရာခိုင်နှုန်းကနေ ၉၇ ရာခိုင်နှုန်းအထိကို ၉ မိနစ်အတွင်း အားသွင်းနိုင်မှာဖြစ်ပြီး အလွန်အေးခဲတဲ့ အပူချိန် (-30 °C / -22 °F) မှာတောင် ၂၀ ရာခိုင်နှုန်းကနေ ၉၇ ရာခိုင်နှုန်းအထိ အားသွင်းဖို့ ၁၂ မိနစ်သာ ကြာမြင့်မှာ ဖြစ်ပါတယ်။

China's BYD tests record-breaking 1,500 kW flash charger in Shenzhen

BYD ဟာ ၂၀၂၆ ခုနှစ်အကုန်မှာ တရုတ်နိုင်ငံတစ်ဝန်း အားသွင်းစခန်းပေါင်း ၂၀,၀၀၀ အထိ တည်ဆောက်သွားမယ့် အစီအစဉ်ကြီးတွေရှိနေပြီး လက်ရှိမှာတော့ အားသွင်းစခန်း ၄,၀၀၀ ကျော်ကို ဖွင့်လှစ်အသုံးပြုနေပြီ ဖြစ်ပါတယ်။

အဝေးပြေးလမ်းမကြီးတွေမှာ ကီလိုမီတာ ၁၀၀ အကွာတိုင်းမှာ အားသွင်းစခန်းတွေ ထားရှိသွားမှာဖြစ်ပြီး မြို့ကြီးတွေမှာတော့ ကီလိုမီတာ အနည်းငယ်အကွာအဝေးမှာပဲ အားသွင်းစခန်းတွေ ရှိလာမှာ ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ နိုင်ငံတကာကိုလည်း တိုးချဲ့သွားဖို့ ဆန္ဒရှိနေပေမယ့် ဘယ်နိုင်ငံတွေဆိုတာကိုတော့ အတိအကျ မကြေညာရသေးပါဘူး။

Ref : Technology Innovation