တရုတ်ရဲ့ အကြီးမားဆုံး ကားကုမ္ပဏီ ၁ ခု ဖြစ်တဲ့ Dongfeng က ဘေဂျင်း ကားပြပွဲမှာ Concept ထရပ်ကား ၁ စီးကို ပြသလိုက်ပါတယ်။ Concept Pickup Truck လို့ အမည်ပေးထားပြီး Tesla Cybertruck နဲ့ ဒီဇိုင်း တော်တော် ဆင်တူပါတယ်။

Dongfeng Concept Pickup Truck side view

အဲဒီကားရဲ့သတင်းအချက်အလက်တွေကို လက်ရှိမှာ များများစားစား မသိရသေးပါဘူး။ ဒါပေမယ့် 1,300 hp ကျော် ထုတ်လုပ်နိုင်ပြီး Cybertruck ရဲ့ အမြင့်ဆုံး မော်ဒယ်ဖြစ်တဲ့ Cyberbeast ရဲ့ 845 hp ထက် စွမ်းရည်ပိုမိုမြင့်မားပါတယ်။ အဲဒီကားရဲ့ စွမ်းဆောင်ရည်၊ မောင်းနှင်နိုင်တဲ့ အကွာအဝေးနဲ့ ဘက်ထရီ အရွယ်အစားတွေကို မသိရသေးပါဘူး။

Cybertruck ဒီဇိုင်းနဲ့ တူညီပေမယ့် Concept Pickup Truck ဟာ ပိုမို လုံးဝန်းပြီး ချောမွတ်ပါတယ်။ ကိုယ်ထည်ကို Stainless Steel နဲ့ တည်ဆောက်ထားတာ မဟုတ်ပါဘူး။ Cybertruck ရဲ့ ထောင့်စွန်းတွေကတော့ ချွန်ထွက်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။

2024 Dongfeng Concept Pickup truck 3/4 rear view

ကား အရှေ့ဘက်မှာ Light Bar တပ်ဆင်ထားတာက ခေတ်မှီ ဒီဇိုင်း ဖြစ်ပါတယ်။ တံခါး လက်ကိုင်တွေကို ဖျောက်ထားတာက လေခွင်းအား ပိုကောင်းစေပါတယ်။ ကားအနောက်ဘက်မှာ ခေါက်သိမ်းလို့ရတဲ့ Tent ထည့်သွင်းထားပါတယ်။ ကားရဲ့ ဈေးနှုန်းနဲ့ ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : carbuzz