တရုတ် အမျိုးသား တစ်ယောက်ဟာ သူ့ချစ်သူ မိန်းကလေးနဲ့အတူ ဟိုတယ် တစ်ခုကို ပထမဆုံး အကြိမ်သွားတဲ့အခါမှာ ကောင်မလေးရဲ့ ဖုန်းဟာ ဟိုတယ် ဝိုင်ဖိုင်ကို အလိုအလျှောက် ချိတ်မိသွားတဲ့အတွက် အမျိုးသားက ကောင်မလေးနဲ့ ပြတ်စဲလိုက်ပါတယ်။

The woman was searching for her digital identity card on her phone when both she and her now ex-boyfriend saw the device connect automatically to the hotel’s Wi-fi. Photo: Douyin

ကောင်မလေး ရဲ့ အမည်က လီ ဖြစ်ပြီး မေလ အားလပ်ရက်မှာ တရုတ် နိုင်ငံ Chongqing မှ ဟိုတယ် တစ်ခုရဲ့ ဧည့်ကြိုကောင်တာမှာ သူမရဲ့ ဖုန်းဟာ ဝိုင်ဖိုင်ကို အလိုအလျှောက် ချိတ်မိသွားတယ်လို့ Chongqing TV ကို ပြောပါတယ်။

Chinese Man Breaks Up With Girlfriend After Her Phone Connects To Hotel WiFi

လီနဲ့ သူမ ချစ်သူတို့ဟာ ဟိုတယ်မှာ Check In လုပ်ဖို့ လီရဲ့ မှတ်ပုံတင်ကို ရှာမတွေ့တဲ့အတွက် ဒစ်ဂျစ်တယ် မှတ်ပုံတင်ကို ရှာတဲ့အချိန်မှာ ဖုန်းဟာ ဝိုင်ဖိုင်ကို အလိုအလျှောက် ချိတ်မိသွားတာကို သတိထားမိခဲ့ကြပါတယ်။

သူတို့ နှစ်ယောက်စလုံးဟာ Chongqing ဒေသခံတွေ ဖြစ်ပြီး အမျိုးသားက ဒီဟိုတယ်ကို တခြားတစ်ယောက်နဲ့ ရောက်ဖူးလားလို့ လီ ကိုမေးမြန်းခဲ့ပါတယ်။

လီ က အဲဒီဟိုတယ်ကို ပထမဆုံး အကြိမ်ရောက်ဖူးတာလို့ ပြောပြီး ဝိုင်ဖိုင်ကို ဘာလို့ အလိုအလျှောက်  ချိတ်မိတာလဲ ဆိုတာကို မရှင်းပြခဲ့ပါဘူး။

Ref : South China Morning Post