Fujian Agriculture and Forestry University မှ တရုတ် သိပ္ပံပညာရှင်တွေက သစ်ရွက်တွေရဲ့ အငွေ့ထွက်တဲ့ ဖြစ်စဉ်ကို အသုံးပြုကာ လျှပ်စစ်စွမ်းအင် ထုတ်လုပ်တဲ့ နည်းလမ်းကို တီထွင်လိုက်ပါတယ်။ ပညာရှင်တွေက ကြာပန်းကို အသုံးပြုကာ Hydrovoltaic နည်းလမ်းကြောင့် သက်ရှိ သစ်ပင်တွေဟာ ရေရှည်တည်တန့်တဲ့ စွမ်းအင် အရင်းအမြစ် ဖြစ်နိုင်တယ်ဆိုတာ သရုပ်ပြသခဲ့ကြပါတယ်။

Scientists transform lotus leaves into continuous electricity generators 

အဲဒီ နည်းပညာမှာ သစ်ပင်တွေထဲမှ ရေရွေ့လျားမှု သဘာဝ ဖြစ်စဉ်ကနေ စွမ်းအင်ကို ဖမ်းယူတာ ဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ ဒီနည်းပညာကို အသုံးပြုရင် နှစ်စဉ် လျှပ်စစ်စွမ်းအင် 67.5 Terawatt-hours ကို ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

How Electricity Works? [Concepts & Practical Use]

သစ်ပင်တွေရဲ့ အငွေ့ထွက်ခြင်းကနေ လျှပ်စစ်စွမ်းအင် ထုတ်လုပ်တဲ့ နည်းလမ်းဟာ ကုန်ကျစားရိတ် သက်သာစေပြီး လယ်ယာစိုက်ခင်းတွေမှာ အသုံးပြုဖို့ သင့်တော်ပါတယ်။ ပညာရှင်တွေက အဲဒီ နည်းပညာကိုဆက်လက် သုတေသန ပြုလုပ်ကြမှာ ဖြစ်ပြီး အနာဂတ်မှာ သဘာဝပတ်ဝန်းကျင်ကို မပျက်ဆီးစေဘဲ ရေရှည်တည်တန့်တဲ့ စွမ်းအင်ကို ထုတ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။

ကမ္ဘာအဝန်းမှာ ကမ္ဘာကြီး ပူနွေးလာမှု၊ ရာသီဥတု ပြောင်းလဲလာမှုကို တိုက်ဖျက်ဖို့အတွက် လောင်စာဆီတွေကို မသုံးဘဲ သန့်ရှင်းတဲ့ စွမ်းအင်ကို အသုံးပြုဖို့ ကြိုးစားလာကြပါတယ်။ အခုနည်းပညာက ကမ္ဘာကြီး ပျက်ဆီးမှုကို လျှော့ချပေးနိုင်တဲ့အတွက် အလွန် အကျိုးရှိပါတယ်။

Ref : Tech Explorers