Google ဟာ အခုအချိန်မှာ iOS နဲ့ Android Device သုံးစွဲနေတဲ့သူတွေအတွက် အသုံးဝင်တဲ့ လုံခြုံရေး Feature တစ်ခုကို Update ပြုလုပ်ပေးခဲ့ပါတယ်။ ဒါကတော့ iOS နဲ့ Android Device တွေအတွက် Chrome Browser ကနေ သိမ်းထားတဲ့ Password က လုံခြုံရေးပေါက်ကြားခဲ့တယ်ဆိုရင် ချက်ချင်းအသိပေးသွားမှာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ လုံခြုံရေးပေါက်ကြားသွားတဲ့ Password ကို ချက်ချင်းပြောင်းဖို့အတွက် Recommend ပေးသွားမှာဖြစ်ပြီး အသုံးပြုထားတဲ့ Service တွေကိုပါ စစ်ဆေးနိုင်ဖို့ သတိပေးသွားမယ်လို့ သိရပါတယ်။ နောက်ထပ် Google ကိုယ်တိုင်ကနေလည်း အဆိုပါ Service သို့မဟုတ် Website ကို Hack ခံလိုက်ရတယ်ဆိုတာကိုပါ အသိပေးသွားမှာဖြစ်ပါတယ်။

နောက်ထပ် Feature တစ်ခုဖြစ်တဲ့ Safety Check Feature ကိုလည်း Chrome Mobile မှာ အသုံးပြုနိုင်တော့မယ်လို့ သိရပါတယ်။ အဆိုပါ Feature ကနေ ကိုယ့်ရဲ့ သိမ်းဆည်းထားတဲ့ Password တွေပေါက်ကြားမှုရှိမရှိကို Manual စစ်ဆေးနိုင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Login Information တွေကို အလိုအလျောက်မဖြည့်ခင် Biometric Authentication ပြုလုပ်ပေးမယ့် Safe Browsing Feature လည်း ပါဝင်လာမှာပါ။

ကျန်တဲ့ Feature အနေနဲ့ကတော့ လက်ရှိ Chrome Browser Desktop Version ကို အသုံးပြုနေတဲ့သူတွေမှာ ရရှိနေတဲ့ Enhanced Safe Browsing Feature လည်း ရရှိလာမှာဖြစ်ပါတယ်။ အဆိုပါ Feature ကတော့ လုံခြုံရေး စိတ်မချရတဲ့ Website တွေ၊ Phishing Link တွေကို မဝင်ရောက်ခင် ကြိုတင် သတိပေးနိုင်မှာဖြစ်ပါတယ်။ Desktop Browser အသုံးပြုသူတွေရဲ့ ၂၀ ရာခိုင်နှုန်းကို ဒီ Feature နဲ့ ကာကွယ်ပေးနိုင်ခဲ့တဲ့အတွက် Mobile Version မှာလည်း ပိုပြီးလုံခြုံစေမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena