Google က Chrome (Android) မှာ Webpage တွေကို အသံထွက် ဖတ်ပြနိုင်တဲ့ “Listen to this page” Feature ကို ထည့်သွင်းပေးနေပါတယ်။ Music နဲ့ Podcast Player တွေမှာလို အဲဒီ Feature မှာ Playback Controls တွေ ပါလာပြီး စာဖတ်ပြတာကို ရပ်တာ၊ စာဖတ်တဲ့ အမြန်နှုန်းကို ပြောင်းတာ၊ ၁၀ စက္ကန့် ကျော်တာနဲ့ နောက်ဆုတ်တာတွေ ပြုလုပ်နိုင်ပါတယ်။

Three screenshots showing the menu to get to the feature, the player card, and the voice options.

ဖတ်ပြတဲ့ လူရဲ့ အသံနဲ့ ဘာသာစကားကိုတောင် ပြောင်းနိုင်ပါတယ်။ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမနီ၊ အာရေဗစ်၊ ဟိန္ဒူနဲ့ စပိန် အပါအဝင် ဘာသာစကားများစွာကို ထောက်ပံ့ပါတယ်။ သင့်မှာ အဲဒီ Feature ရလားဆိုတာ သိချင်ရင် Webpage ၁ ခုကို ဖွင့်ပြီး အစက် ၃ စက်ကို နှိပ်ပါ။ Translate Option ရဲ့ အောက်မှာ “Listen to this page” ကို တွေ့ရမှာပါ။

10 essential tips to make Google Chrome more secure | PCWorld

သင်က Google Assistant ကို Webpage တွေ အသံထွက်ဖတ်ပြဖို့ ခိုင်းနိုင်ပြီး ဖတ်ပြနေတုန်းမှာ တခြားဘာသာစကားတွေကို ပြောင်းနိုင်ပါတယ်။ အဲဒီ Option ကို ရွေးချယ်ရင် Chrome ကနေထွက်သွားပြီး Google App ထဲ ရောက်သွားမှာပါ။

Google က ဒတ်စတော့က Chrome မှာလည်း အဲဒီ Feature ကို စမ်းသပ်နေပါတယ်။ iPhone ရဲ့ Safari မှာ Siri အသံနဲ့ Webpage တွေကို ဖတ်ပြတဲ့ “Listen to Page” Feature ထည့်သွင်းထားပြီး Playback Controls တွေ ထည့်သွင်းထားပါတယ်။

Ref : theverge