ကွာတား ၂ ဖြစ်တဲ့ ဧပြီလကနေ ဇွန်လအတွင်း အမေရိကန်မှာ Apple iPhone Activations ပြုလုပ်တဲ့ အရေအတွက်ဟာ ၅၀ ရာခိုင်နှုန်း ရှိတယ်လို့ Consumer Intelligence Research Partners (CIRP) ရဲ့ စစ်တမ်းက ဖော်ပြထားပါတယ်။ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းက Android စမတ်ဖုန်း Activations ပြုလုပ်တဲ့ အရေအတွက် ဖြစ်ပါတယ်။

Image courtesy of 9to5Mac

စမတ်ဖုန်း အသစ် အသုံးပြုမှု အပိုင်းမှာ Apple iPhone တွေဟာ Android စမတ်ဖုန်းတွေကို ကွာတား ၂ မှာ တန်းတူဖြစ်အောင်လိုက်နိုင်တာ ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ ပုံမှန်ဆိုရင် Android စမတ်ဖုန်းတွေဟာ ကွာတား ၂ မှာ ၆၀ ရာခိုင်နှုန်း ဝန်းကျင်လောက်ကို ပိုင်ဆိုင်လေ့ရှိကြပါတယ်။

Galaxy S21 Ultra vs iPhone 12 Pro Max, Pixel 5, Note 20 Ultra camera  comparison - PhoneArena

အခုလို iPhone အသစ် သုံးစွဲသူများလာတာနဲ့ ပတ်သက်ပြီး CIRP ရဲ့ ပူးတွဲ တည်ထောင်သူ Mike Levin က ဒါဟာ သစ္စာရှိမှုနဲ့ သက်ဆိုင်တယ်လို့ ပြောပါတယ်။ Brand အပေါ် သစ္စာရှိမှု အပိုင်းမှာ iPhone Users တွေဟာ ၉၃ ရာခိုင်နှုန်းတောင်ရှိပြီး Android Users တွေရဲ့ ၈၈ ရာခိုင်နှုန်းထက် ပိုများနေပါတယ်။ iPhone Users တွေဟာ Android စမတ်ဖုန်း ပြောင်းသုံးတာထက် iPhone နောက်တစ်လုံးပဲ ဝယ်ယူလေ့ရှိကြပါတယ်။

CIRP ရဲ့ မကြာခင်က စစ်တမ်းတစ်ခုအရ အမေရိကန်က လူတွေဟာ ၂၀၂၁ ခုနှစ် ကွာတား ၂ မှာ ဈေးချိုတဲ့ Android စမတ်ဖုန်းတွေထက် ဈေးပိုကြီးတဲ့ Android စမတ်ဖုန်းတွေကို ပိုကြိုက်လာကြတယ်လို့ သိရပါတယ်။

Ref : gsmarena