ကွန်ပျူတာ ပရိုဂရမ်မာတစ်ယောက်ဖြစ်တဲ့ Harishankar Narayanan ဟာ သူ့ရဲ့ ဒေါ်လာ ၃၀၀ တန် iLife A11 စမတ်ဖုန်စုပ်စက်နဲ့ ပတ်သက်ပြီး ထိတ်လန့်စရာ ကိစ္စတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ အဲဒီဖုန်စုပ်စက်ဟာ သူ့ရဲ့ခွင့်ပြုချက်မရှိဘဲ Google Cartographer software ကိုသုံးပြီး ဆွဲထားတဲ့ အိမ်ရဲ့မြေပုံအချက်အလက်တွေအပါအဝင် data တွေကို အဝေးမှာရှိတဲ့ server တွေဆီ လျှို့ဝှက်ပို့လွှတ်နေတာပါပဲ။
သူက အဲဒီ data တွေ ပို့တာကို ပိတ်လိုက်ပြီး firmware update တွေကိုပဲ ခွင့်ပြုလိုက်တဲ့အခါမှာတော့ စက်က ရုတ်တရက် အလုပ်လုံးဝ မလုပ်တော့ပါဘူး။ အာမခံကလည်း ကုန်သွားပြီ၊ ပြင်ဖို့ ကြိုးစားတာလည်း အောင်မြင်မှု မရတာကြောင့် Narayanan ဟာ ဒီကိစ္စကို ကိုယ်တိုင် စပြီး စုံစမ်းပါတော့တယ်။

စုံစမ်းကြည့်လိုက်တဲ့အခါ ဒီဖုန်စုပ်စက်ဟာ Linux-based system နဲ့ လည်ပတ်နေပြီး လုံခြုံမှုမရှိတဲ့ Android Debug Bridge (ADB) တစ်ခု ရှိနေတာကို တွေ့ခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် စက်ရဲ့အလုံးစုံထိန်းချုပ်ခွင့် (root access) ကို ရနိုင်တာပါ။ Code တွေကို ဆက်ပြီး တူးဆွကြည့်တဲ့အခါမှာတော့ စက်ရပ်သွားတဲ့ အချိန်အတိအကျမှာ အဝေးကနေ command တစ်ခု ဝင်လာတာကို တွေ့ရှိခဲ့ပါတယ်။ သူက ဒါကို ကုမ္ပဏီဘက်က စက်ကို အဝေးကနေ လှမ်းပိတ်ပစ်လိုက်တဲ့ “kill switch” တစ်ခုလို့ ယုံကြည်ခဲ့ပါတယ်။
အဲဒီ command ကို သူက ပြောင်းပြန်ပြန်လုပ်လိုက် (reverse) တဲ့အခါမှာတော့ ဖုန်စုပ်စက်ဟာ ပုံမှန်အတိုင်း ပြန်အလုပ်လုပ်သွားခဲ့ပါတယ်။ ဒါက စက်ကို အဝေးကနေ တမင်သက်သက် ပိတ်ထားခဲ့တယ်ဆိုတာကို သက်သေပြနေတာပါပဲ။
အခုတော့ Narayanan ဟာ သူ့ရဲ့ ဖုန်စုပ်စက်ကို offline ပဲ သုံးတော့ပြီး local mapping (စက်ထဲမှာပဲ မြေပုံဆွဲတာ) ကိုပဲ အသုံးပြုတော့ပါတယ်။ တခြား ဈေးသက်သာတဲ့ စမတ်ဖုန်စုပ်စက်တွေမှာလည်း အခုလို ကိုယ်ရေးကိုယ်တာ အချက်အလက် ခိုးယူခံရနိုင်တဲ့ လုံခြုံရေးအန္တရာယ်တွေ ရှိနိုင်တယ်လို့ သူက သတိပေးသွားခဲ့ပါတယ်။
ref : Technology Innovation
