အခုထွက်ပေါ်လာတဲ့သတင်းအရ မနှစ်တုန်းက Galaxy A53 ရဲ့ မျိုးဆက်သစ်ဖုန်းဖြစ်လာမယ့် Galaxy A54 မိတ်ဆက်မယ့်အချိန်ကို Samsung ကနေတရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။ အဆိုပါသတင်းကို Samsung India ရဲ့ Website မှာဖော်ပြထားခဲ့တာဖြစ်ပြီး လာမယ့် ဇန်နဝါရီလ ၁၈ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာပဲဖြစ်ပါတယ်။

Samsung Galaxy A54 ဖုန်းဟာ 6.6″ Full HD+ AMOLED Display ကို အသုံးပြုထားမှာဖြစ်ပြီး 120Hz Refresh Rate ကိုထောက်ပံ့ပေးထားမယ်လို့သိရပါတယ်။ Processor ပိုင်းမှာ Samsung ရဲ့ကိုယ်ပိုင် Exynos 1380 Chipset ကို အသုံးပြုထားမှာဖြစ်ပြီး RAM 8GB ပါဝင်လာမှာဖြစ်ပါတယ်။

Camera ပိုင်းအတွက် 50MP Main Camera Sensor + 12MP Ultrawide Camera အပြင် 2MP Depth Sensor ပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Selfie Camera ပိုင်းမှာ Single 32MP Sensor ကို Punch-hole Design အနေနဲ့ ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။

Samsung Galaxy A54 ဖုန်းရဲ့ တခြားသောအချက်အလက်တွေကို အသေးစိတ်မသိရှိရသေးတာကြောင့် လာမယ့် ဇန်နဝါရီလ ၁၈ ရက်နေ့ကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref – Pocket Lint