ဆော်ဒီအာရေဗီးယား နိုင်ငံက Jeddah Tower တည်ဆောက်ရေးလုပ်ငန်းတွေကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှာ ပြန်လည်စတင်ခဲ့ပြီး လုပ်ငန်းခွင်အရှိန်အဟုန်လည်း မြင့်မားလာခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး လုပ်သားတွေဟာ ၃ ရက်ကနေ ၄ ရက်အတွင်းမှာ အထပ်သစ်တစ်ထပ်နှုန်းလောက် ပြီးစီးအောင် တည်ဆောက်နေကြပါတယ်။ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအထိ အခြေအနေအရဆိုရင်တော့ ဒီတာဝါဟာ အပြီးသတ်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပြီး အခုဆိုရင် အထပ် ၈၀ လောက်အထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။

Jeddah Tower: Construction of world's tallest skyscraper resumes | CNN

၂၀၂၈ ခုနှစ်ဝန်းကျင်မှာ ပြီးစီးဖို့ လျာထားတဲ့ ဒီစီမံကိန်း ပြီးဆုံးသွားတဲ့အခါ Jeddah Tower ဟာ ၈၂၈ မီတာ မြင့်တဲ့ ဒူဘိုင်းက Burj Khalifa ကို ကျော်ဖြတ်ပြီး ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံ ဖြစ်လာမယ်လို့ မျှော်မှန်းထားပါတယ်။ Jeddah Tower တည်ဆောက်ပြီးစီးချိန်မှာ အမြင့် မီတာ ၁၀၀၀ ကျော် (၁၀၀၈ မီတာဝန်းကျင်) ရှိဖို့ စီစဉ်ထားတာကြောင့် ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်အဖြစ် စံချိန်တင်သွားမှာ ဖြစ်ပါတယ်။

Jeddah Tower Hits 80 Floors to Surpass Dubai's Burj Al Khalifa

ဒီအဆောက်အအုံရဲ့ ဖောင်ဒေးရှင်းကို မကြုံစဖူး မြင့်မားတဲ့ အမြင့်ကို ခံနိုင်ရည်ရှိအောင် အင်ဂျင်နီယာပိုင်းဆိုင်ရာ တွက်ချက်တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ခိုင်ခံ့တဲ့ ကွန်ကရစ်အောက်ခံတွေနဲ့ ကျောက်သားမြေသားထဲအထိ ထိုးစိုက်ထားတဲ့ ပိုင်တိုင်အရှည်ကြီးတွေ ပါဝင်ပါတယ်။ ကန်ထရိုက်တာတွေက တည်ဆောက်ရေးကို တွန်းအားပေး လုပ်ဆောင်နေတာကြောင့် ကောင်းကင်ယံမှာ ကရိန်းကြီးတွေကို နေရာအနှံ့ တွေ့မြင်နေရပါတယ်။

၂၀၂၅ ခုနှစ်၊ ဩဂုတ်လတုန်းက အထပ် ၇၅ ထပ်လောက် ပြီးစီးခဲ့ပြီး အခုချိန်မှာတော့ လုပ်ငန်းခွင် အရှိန်မြှင့်တင်လာတာနဲ့အမျှ အထပ် ၈၀ အမှတ်အသားကို ကျော်လွန်လာခဲ့ပြီ ဖြစ်ပါတယ်။

Ref : Technology Innovation