Coolpad က တရုတ်မှာ COOL 12A စမတ်ဖုန်း အသစ်ကို ကြေညာလိုက်ပြီး ဇွန်လက ကြေညာခဲ့တဲ့ COOL 10 ဖုန်းရဲ့ မျိုးဆက်သစ် ဖြစ်ပါတယ်။ COOL 12A ဟာ ၅၉၉ ယွမ်ပဲ ရှိတဲ့အတွက် ဈေးအရမ်း ချိုပါတယ်။ မြန်မာငွေ ၁ သိန်း ၁ သောင်းလောက်ပဲ တန်ကြေးရှိပြီး မျက်နှာပြင် အရှည် ဒီဇိုင်းက ခေတ်မှီပါတယ်။

Coolpad COOL 12A ရဲ့ အရွယ်အစား အပြည့်အစုံဟာ 156.2 x 75.2 x 8.9mm ဖြစ်ပြီး အလေးချိန်ဟာ ၂၀၂.၅ ဂရမ် ရှိပါတယ်။ အနောက်ဘက်ကို ဖန်နဲ့ အုပ်ထားတာက ၁ သိန်းတန် ဖုန်းတွေထဲမှာ ရှားရှားပါးပါး ပါပဲ။ ၆.၃ လက်မ IPS LCD မျက်နှာပြင် ထည့်သွင်းထားပြီး HD+ Resolution နဲ့ 19:9 Aspect Ratio ထောက်ပံ့ထားပါတယ်။ Screen-to-body Ratio က ၉၃ ရာခိုင်နှုန်းတောင် ရှိတဲ့အတွက် ဘောင်ပျောက် ဒီဇိုင်းကလည်း မိုက်ပါတယ်။

Cortex-A55 CPU Core တွေ ပါတဲ့ အမည်မသိ Spreadtrum Chipset ထည့်သွင်းထားပြီး 4GB RAM နဲ့ 64GB Storage ပါလာသလို microSD Card စိုက်နိုင်ပါတယ်။ USB-C Port ကနေ 4,000mAh ဘက်ထရီကို အားသွင်းရမှာ ဖြစ်ပြီး Standby သုံးရင် ဘက်ထရီ သက်တမ်းက ၁၄ ရက်တောင် ခံပါတယ်။ ကင်မရာတွေ အကြောင်း ပြောရရင် အရှေ့ဘက်မှာ 8MP နဲ့ အနောက်ဘက်မှာ 16MP Main, 2MP Depth ကင်မရာတွေ ထည့်သွင်းထားပြီး LED Flash ၁ လုံးကို အနောက်ဘက်မှာ ပံ့ပိုးပေးထားပါတယ်။ လက်ဗွေရာ ကိရိယာနဲ့ Face Unlock လည်း ထောက်ပံ့ထားပါတယ်။

Dream Black , Dream Blue နဲ့ Fantasy Silver ၃ ရောင် ထုတ်လုပ်ပေးထားပြီး တရုတ်မှာ ရောင်းပေးလိုက်ပါပြီ။ လက်ရှိမှာ စောစောဝယ်မယ့် သူတွေအတွက် ၅၆၉ ယွမ်နဲ့ ဈေးလျှော့ရောင်းပေးနေပါတယ်။

Ref : gizmochina